Headlines News :
Home » » တရားမဝင် လုံခြုံရေးအဖွဲ့ တစ်ဖွဲ့ တောင်ကြီးမြို့မှာ လှုပ်ရှား

တရားမဝင် လုံခြုံရေးအဖွဲ့ တစ်ဖွဲ့ တောင်ကြီးမြို့မှာ လှုပ်ရှား

Written By လွင့်မောင်မောင် on Sunday, April 26, 2015 | 10:51 PM

  ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကိုတွေ့ရစဉ်။ Photo: wikipedia
 တောင်ကြီးမြို့မှာ ယူနီဖေါင်းအင်္ကျီတွေဝတ်ဆင်ပြီး နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဖွဲ့ဆိုပြီး ရှိနေတာကြောင့် နိုင်ငံရေးပါတီတွေက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်တန်း ဖို့ ပြင်ဆင်နေပါတယ်။

ဒီအဖွဲ့ဟာ ဘယ်အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံဖြစ် တယ်ဆိုတာကို မသိရတာကြောင့် တရားမ၀င်အဖွဲ့ တစ်ဖွဲ့ အဖြစ် အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး တိုင်ကြားသွားမှာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောပါတယ်။

"ဒီအဖွဲ့အစည်းကို ဘယ်သူကတာဝန်ယူ၊ တာဝန်ခံ ဖွဲ့စည်းလဲ၊ ဒီအဖွဲ့အစည်းနဲ့ ပြဿနာ ဖြစ်ရင် ဘယ်သူက တာဝန်ယူဖြေရှင်းမလဲ၊ မြို့လူထုတွေကရော ဒီအဖွဲ့အစည်း ရဲ့သမိုင်းကြောင်းကိုသိတဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေဖြစ်လာတာပေါ့၊ ၂၀၁၅ မှာအထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်တဲ့အခါမှာ လဲ ပြည်သူတွေမဲရွေးတဲ့အခါမှာ ဒီအဖွဲ့ အစည်းတွေရဲ့ခြိမ်းခြောက်ခံရမှာကို ပြည်သူလူထုက စိုးရိမ်လာတဲ့အတွက် နိုင်ငံရေးပါတီတွေရော ကန့်ကွက် လာမှုကို ကျနော်ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ် "

တောင်ကြီးမြို့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲတွေနဲ့ သင်္ကြန်ကာလရက်တွေအပြင် ပွဲလမ်းသဘင်အခမ်းအနားတွေမှာ အဲဒီအဖွဲ့ ဟာ နံပါတ်တုတ်တွေကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးယူခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။

ဒီအဖွဲ့နဲ့ ပတ်သက်ပြီး တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ကို ဒေသခံတွေက စုံစမ်းမေးမြန်းရာမှာ အဲဒီအဖွဲ့ဟာ ရဲတပ်ဖွဲ့နဲ့ မသက် ဆိုင်ဘူးလို့ ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း တောင်ကြီးမြို့က မူလမင်းကွန်းကျောင်းတိုက်မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ )ရဲ့ ကြီးကြပ်မူနဲ့ အဲဒီအဖွဲ့ ပေါ်ပေါက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မဘသအဖွဲ့ရဲ့ စည်းကမ်းနဲ့ မကိုက်ညီ မူကြောင့် ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီအဖွဲ့ကိုကန့်ကွက်တဲ့ ဒေသခံတွေရဲ့လက်မှတ် တစ်ထောင်ကျော ရရှိထားပြီး လာမယ့်သီတင်းပတ် အတွင်း အစိုးရကို တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template