Headlines News :
Home » » AA နှင့်ဆက်သွယ်မှုဖြင့် အဖမ်းခံရသူ ၂ဝ ရှိ

AA နှင့်ဆက်သွယ်မှုဖြင့် အဖမ်းခံရသူ ၂ဝ ရှိ

Written By Live100 on Thursday, May 7, 2015 | 3:06 PM

 ကျောက်တော် မေ ၆

 ရခိုင်ပြည်နယ်အတွင်း တပ်မ တော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ရက္ခိုင်လက်နက် ကိုင်အဖွဲ့(AA) နှင့် ဆက်နွှယ်သောကြောင့် ဖမ်းဆီး ခံထားရသူ အရေအတွက် ၂ဝ ရှိ ကြောင်း သိရသည်။

ဧပြီလကုန်ပိုင်းမှ စတင်၍ ဖမ်းဆီး ရမိခဲ့သော ရက္ခိုင်လက်နက်ကိုင်အဖွဲ့ (AA)တပ်ဖွဲ့ဝင်များထံမှ ရရှိသော အချက်အလက်များဖြင့် သံသယ ရှိသူများကို ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ပြီး ယမန်နေ့ မွန်းလွဲပိုင်း အထိ လူ ၂ဝ ကိုဖမ်းဆီး၍ မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တော် မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

''သောင်းကျန်းသူ အမာခံ ၂ဝ ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထား ပါတယ်။ တရားစွဲခံထားရသူတွေ က ကျောက်တော်မြို့နယ်ထဲက ရော၊ တခြားမြို့နယ်တွေကရောပါ ပါတယ်။ အကုန်လုံးကိုကျွန်တော် တို့စခန်းမှာပဲအမှုဖွင့်ထားပါတယ်'' ဟု ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးခင်မောင်ကပြောသည်။

အမှုဖွင့် အရေးယူခြင်းခံထား ရသူများကို ယခုလ ၂ရက်၊ ၃ရက် နှင့် ၄ ရက်များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးခင်မောင်ကပြော ဆိုခဲ့ပြီး ၄င်တို့အား မည်သည့် မြို့နယ်များက ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်းနှင့် အခြားအသေးစိတ် အချက်အလက်များကိုမူပြောဆိုခဲ့ ခြင်းမရှိပေ။

ကျောက်တော်မြို့နယ်တွင် ဧပြီ လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များ၌ ဖမ်းဆီးရမိခဲ့သည့် ရက္ခိုင် လက်နက်ကိုင်အဖွဲ့ (AA)တပ်ဖွဲ့ ဝင်များထံမှရရှိခဲ့သော တယ်လီဖုန်း အပါအဝင်အီလက်ထရွန်နစ်ပစ္စည်း များတွင် ထည့်သွင်းထားသည့် အချက်အလက်များမှ တစ်ဆင့် ရက္ခိုင်လက်နက်ကိုင်အဖွဲ့(AA) နှင့် ဆက်နွှယ်သူများကို ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့က ခြေရာခံရှာ ဖွေနေခြင်းဖြစ်သည်။

ရက္ခိုင် လက်နက်ကိုင်အဖွဲ့ (AA)နှင့် ဆက်နွှယ်ကြောင်း သံသယရှိသူ ၆၃ ဦးစာရင်းကို တပ်မတော်က ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့ထံသို့ပေးပို့ထားပြီး အဆိုပါ သံသယရှိသူများကို ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် စုံစမ်းရှာဖွေလျက်ရှိကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဘိုဘိုဦးက ပြောသည်။ ထို့အပြင်တိုက်ပွဲ ဖြစ် ပွားရာဒေသ အနီးရှိကျေးရွာများ တွင်လည်းမြန်မာအစိုးရတပ်မတော် ကသံသယရှိသူများကို ဖမ်းဆီးစစ် ဆေးလျက်ရှိပြီး အများစုကို ပြန် လွှတ်ပေးခဲ့သော်လည်း အချို့မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

''လင်းဇင်နဲ့ ဝဲကြီးထောင့်ရွာ တွေကဖမ်းသွားတဲ့ ၁၁ ယောက်ကို တော့ ပြန်လွှတ်လိုက်ပြီ။ သူတို့ကို စစ်ဆေးတာက တစ်နေရာတည်း မှာမဟုတ်ဘူး။ ဗျူဟာမှူးအနား မှာ စစ်ဆေးခံရသူတွေကတော့ ဒဏ်ရာရတာမရှိဘူးလို့သိခဲ့ရတယ်။ ကျန်တဲ့နှစ်ယောက်ကိုလဲ ဒီရက် ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ ဗျူဟာမှူးကပြောတယ်'' ဟု ကိုယ်တိုင်သွားရောက်ကူညီခဲ့သည့် ရခိုင်အမျိုးသမီးကွန်ရက်(ကျောက် တော်) ဥက္ကဋ္ဌ ဒေါ်လှမေက ပြော သည်။

သုတ(RNA)
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template