တကယ်လို့ ဆူနာမီ ဖြစ်ခဲ့ရင် ပါပူအာ နယူးဂီနီနိုင်ငံထဲက ကျွန်းတွေ ဆော်လမွန်ကျွန်း တွေ အင်ဒိုနီးရှား၊ ဗင်နွာတူ၊ ဖီဂျီ၊ ဖိလစ်ပိုင်နဲ့ အနားက နိုင်ငံတွေကို ရေလှိုင်း ရိုက်ခတ်နိုင်ချေ ရှိတယ်လို့ သတိပေးထားပါတယ်။
မေ ၅ ရက် ဒီနေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကျန်ခဲ့တဲ့ သီတင်းပတ် အတွင်း ပါပူအာ နယူးဂီနီမှာ လှုပ်ခဲ့တဲ့ ငလျင် ၂ ခုနဲ့ နေရာ တခုတည်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း ပါပူအာ နယူးဂီနီမှာ အင်အား ရစ်ချတ်တာ စကေးလ် ၅.၆ ရှိတဲ့ ငလျင် လှုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ငလျင်တွေကြောင့် အပျက်အစီး ကြီးကြီးမားမား မရှိခဲ့သလို ဆူနာမီ ရေလှိုင်းတက်မှုလဲ မရှိသေးဘူးလို့ စီအန်အန်နဲ့ အေဘီစီသတင်းဌာနတို့က အသီးသီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။
DVB