Headlines News :
Home » » တောင်သမန်အင်းအတွင်း ငါးအမြောက်အမြား သေဆုံးမှုနှင့် ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနက စက်ရုံ၁၂ရုံကို တရားစွဲဆိုထား

တောင်သမန်အင်းအတွင်း ငါးအမြောက်အမြား သေဆုံးမှုနှင့် ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနက စက်ရုံ၁၂ရုံကို တရားစွဲဆိုထား

Written By လွင့်မောင်မောင် on Thursday, May 7, 2015 | 2:21 PM

 
 တောင်သမန် အင်းအတွင်း ဧပြီ၂၉ရက်ကငါးအမြောက်အမြား သေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းသို့ရေဆိုးစွန့်ပစ်သည့်စက်ရုံ ၁၂ရုံကို ယခုလ၄ရက်တွင် အမရပူရ မြို့နယ်ရဲစခန်း၌ အမှုဖွင့်တရား စွဲဆိုထားသည်ဟု မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

''ရေချိုငါးလုပ်ငန်းဥပဒေ ၃၈ အရ ချိုးဖောက်တဲ့အတွက် ပုဒ်မ ၄၅ အရ အမှုဖွင့်ပြီး တရားစွဲဆို သွားမှာပါ''ဟု ဦးမျိုးအောင်က ပြောသည်။

  တောင်သမန်အင်းအတွင်း ပရံ တော်ချောင်းနှင့် ဆည်တော်ကြီး မြောင်းလက်တံ့ခြောက်တို့မှ ရေများ ဝင်ရောက်ပြီးပရံတော်ချောင်းအတွင်း သို့ စက်မှုဇုန်(၁)နှင့်(၂)တို့ရှိ စက်ရုံ များက ရေဆိုးများစွန့်ပစ်ကြသည် ဟုဆိုသည်။

တရားစွဲဆိုထားသောစက်ရုံ များမှာ ကျားမင်းကြီးအရက်ချက် စက်ရုံ၊ ရွှေမြင်းပျံအရက်ချက်စက်ရုံ၊ ရွှေမြန်မာအရက်ချက်စက်ရုံ၊ပြည့်ဝ သကြားစက်ရုံ၊ ဦးစိုးနိုင် သားရေ စက်ရုံ၊ ဒေါ်နှင်းရီ သားရေစက်ရုံ၊ သိန်းသန်းသကြားစက်ရုံ၊ အေး မြတ်ချမ်းသာစက္ကူစက်ရုံ၊ အီးဂဲလ် ဆပ်ပြာမှုန့်စက်ရုံ၊ တိုးပွားမန်းဓာတ် မြေသြဇာစက်ရုံ၊ မြတ်ခိုင်သကြား စက်ရုံနှင့် ရွှေအရက်ပုလင်းသွတ်/ ဆေးစက်ရုံတို့ဖြစ်ပြီး စက်မှုဇုန်(၁) မှ စက်ရုံကိုးရုံနှင့် စက်မှုဇုန်(၂)မှ သုံးရုံပါဝင်သည်။

ဆည်တော်မြောင်းမှာ လယ် ကွင်းများမှ ရေပိုလွှဲသည့်မြောင်းဖြစ် သည့်အတွက် ဓာတ်မြေသြဇာတွင် ပါဝင်သည့် နိုက်ထရိုဂျင်နှင့် ဖော စဖောရပ် ဓာတ်ပေါင်းတို့ကြောင့် တောင်သမန်းအင်းအတွင်းရှိ အပင် ငယ်များမှာ အဆမတန်ကြီးထွား လာပြီး စက်ရုံများမှ စွန့်ပစ်သည့် ရေဆိုးများတွင် ပါဝင်သည့် BOD နှင့် COD ဓာတ်ပေါင်းများကြောင့် ငါးများမှာ အောက်ဆီဂျင်မဝသည့် အတွက်အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ငါးလုပ် ငန်းဦးစီးဌာနကသုံးသပ်ထားသည်။

''အောက်ဆီဂျင်ရဖို့ စက်လှေ တွေ အသွားအလားများများလုပ်ဖို့၊ အင်းအတွင်းထုံးဖြူးဖို့၊ ပုစွန်ကန် တွေမှာသုံးတဲ့ ဒလက်တွေသုံးဖို့ အတွက် မြို့တော်စည်ပင်နဲ့ အကျိုး တူလုပ်ဆောင်တဲ့ ချစ်ခိုင်ကုမ္ပဏီကို အကြံပေးခဲ့တယ်''ဟု ဦးမျိုးအောင် ကပြောသည်။

ထို့ပြင် ဦးပိန်တံတားအနီးရှိ စားသောက်ဆိုင်များမှ အမှိုက်များ နှင့် ပုလင်းခွံများ၊ သုံးရေများစွန့် ပစ်ခြင်းကြောင့် အင်းမြောက်ဘက် တွင် အမှိုက်များစုပုံနေပြီး တံတား ဖြူရေထိန်းတံတားကြောင့် ယင်း ဘက်အခြမ်းတွင် ရေဆိုးကန်ကဲ့သို့ ဖြစ်နေကြောင်း၊ အနံ့အသက်များ ထွက်နေပြီး ရေများမှာလည်း ချွဲကျိ နေသည့်အတွက် မိုးများသည့်အချိန် သို့မဟုတ် မြစ်ရေတက်သည့်အချိန် တွင် ရေဆိုးများနှင့် ရေသန့်များလဲ လှယ်ခွင့်ရရှိနိုင်ရန် ဆောင်ရွက်ပေး ပါက အင်းအတွင်း ရေများကောင်း မွန်လာနိုင်ကြောင်း၎င်းကပြောသည်။
  တောင်သမန်းအင်းအတွင်း ငါးသေဆုံးမှုမှာ ပြီးခဲ့သည့် ဒီဇင် ဘာတွင် တစ်ကြိမ်၊ ဧပြီ ၁၂ ရက် တွင်တစ်ကြိမ်နှင့် ဧပြီ ၂၉ရက်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ရာ နောက်ဆုံး ဖြစ်ပွားခဲ့သည့် ငါးသေဆုံးမှုမှာ အကြီးကျယ်ဆုံးဖြစ်ရာ ငါးပိဿာ ချိန်နှစ်ထောင်ကျော်မှ သုံးထောင် ကျော်ထိရှိနိုင်သည်ဟု ငါးလုပ်ငန်း ဦးစီးဌာနကခန့်မှန်းသည်။

ဘေဘီမြင့်မောင်
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template