Headlines News :
Home » » တရားမဝင်သတ္တုကျောက်များ သယ်ယူသည့် တရုတ်နိုင်ငံပိုင်ကားများ မူစယ်ဒေသခံများဖမ်းဆီး

တရားမဝင်သတ္တုကျောက်များ သယ်ယူသည့် တရုတ်နိုင်ငံပိုင်ကားများ မူစယ်ဒေသခံများဖမ်းဆီး

Written By လွင့်မောင်မောင် on Monday, May 4, 2015 | 12:17 PM


ဓါတ်ပုံ - ရွှေလီမြစ်ဝှမ်းဒေသ စယ်လန့်တွင်ဖမ်းမိသော တရုတ်၏ သတ္တုကျောက်ခိုးတင်ကားများ
 မေလ ၄ ရက်နေ့ ၂၀၁၅

သျှမ်းမြောက် မူစယ်ခရိုင်အတွင်းရှိ တရားမဝင်သတ္တုကျောက်များ လာရောက်သယ်ယူသည့် တရုတ်နိုင်ငံသား ပိုင်ကားများကို မူစယ်ဒေသခံများ ပူးပေါင်း ဖမ်းဆီး ထိန်းသိမ်းထား လိုက်ကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ လွယ်မောက်တောင်နှင့် ပန်ခါးတောင် မှ သတ္တုကျောက်များကို လာရောက် ခိုးထုတ်နေကြခြင်းဖြစ်ပြီး မူစယ်မြို့နယ် စယ်လန့်ကျေးရွာ အုပ်စု အတွင်းရှိ တရားမဝင်နယ်စပ် ကူးတို့ဆိပ် တစ်ခု၌ ဖမ်းဆီး ရမိ ကြောင်း၊ ဖမ်းဆီးရ သည့်ကားများမှာ တရုတ်ပြည်မှ မြေသယ် ကားကြီး (၄) စီး၊ မြေကလော်စက်(ဖူတိုစာ)ကား (၁)စီးနှင့် ပါဂျယ်ရိုကား တစ်စီး တို့ဖြစ်ပြီး ယခုတွင်စယ်လန့်ကျေးရွာထဲတွင် ထိန်းသိမ်းထားကြောင်း ထုန့်မော(၀်) ဒေသခံ စိုင်းအွန် ကဆိုသည်။

“မြေသယ်ကား(၂)စီးနဲ့ ပါဂျယ်ရိုကား ကိုတော့ မေလ (၂) ရက်နေ့ည ၁၀း၃၀ ၀န်းကျင်လောက်မှာ စယ်လန့်ရွာ အနီး ကူးတို့ဆိပ်မှာ စယ်လန့်ရွာ လူငယ်များ က ဖမ်းမိတာ၊ကျန်တဲ့ကားတွေကတော့ မနေ့ (၃) ရက် နေ့လယ် ပိုင်းလောက် မှာ နမ့်ခမ်း ၊ မူစယ်၊ စယ်လန့် က ကျားဖြူ၊ ကျားခေါင်းပါတီဝင်များ နှင့်ဒေသ ခံ လူငယ်များပူး ပေါင်းပြီးဖမ်းဆီးထိန်းသိမ်း လိုက်တယ်၊ ဖမ်းဆီးရမိတဲ့ တရု တ်ပြည်သားများကို မှတ်တမ်း ဓါတ်ပုံရိုက်ပြီး ပြန်လွှတ်ပေးလိုက်ပြီ” ဟု ၄င်း က ပြောသည်။

ထုန့်မော(၀်) ရွှေလီမြစ်ဝှမ်း ဒေသခံများ စုပေါင်းပြီး မေလ (၂)ရက်နေ့၌ စယ်လန့်ကျေးရွာတစ်နေရာ တွင် ထုန့်မော(၀်) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းရန် နှင့် ဒေသတွင်းသတ္တုကျောက်တူး ဖော်ဆန့် ကျင်ရေး အတွက် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ အတွင်းရေးမှူး ဦးစိုင်းထွန်းလိုင် ကဆိုသည်။

“အစည်းအဝေး လာတဲ့ အဖွဲ့တွေကတော့ မူစယ် ၊နမ့်ခမ်း နဲ့ စယ်လန့် မှ SNLD ကျားခေါင်းပါတီ ၊SNDP ကျားဖြူပါတီ အလုပ်အမှုဆောင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့လူငယ် အားလုံးအယောက် (၅၀) လောက်တွေ့ရတယ်၊ အစည်းအဝေးပြီးပြီးချင်းမှာပဲ ကျနော်တို့အားလုံး စယ်လန့်ကျေးရွာအနီးရှိ ကူးတို့ဆိပ်မှာ တရားမဝင် သတ္တုကျောက် လာ တင်သော တစ်ဘက်နိုင်မှ ကားများကို သွားရောက်ဖမ်းဆီးပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ကိုလည်း တိုင်တန်းထားတယ်” ဟု ၄င်းက သျှမ်းသံတော် အားပြောသည်။

မူစယ်မြို့နယ်နှင့်နမ့်ခမ်းမြို့နယ်အတွင်း၌ တရားမဝင် လာရောက်သတ္တု တူးဖော်နေကြသော ကုမ္ပဏီများမှာ (၇)ခု ထက်မနဲ ရှိနေသည် ဟု ဒေသခံ များ ကထံမှသိရသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template