ရာစုနှစ်အတွင်း အကောင်းဆုံး လက်ဝှေ့ပွဲလို့ သတ်မှတ်ထားတဲ့ မေ၀ယ်သာနဲ့ ပတ်ကွီရို လက်ဝှေ့ပွဲမှာ မေ၀ယ်သာက အနိုင်ရရှိ သွားပါတယ်။
ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒိုင်လူကြီး ၃ ဦးစလုံးက ၁၁၈-၁၁၀၊ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂ နဲ့ မေ၀ယ်သာကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် ရှုံးပွဲမရှိ စံချိန်ကို မေ၀ယ်သာက ဆက်ထိန်း သွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပတ်ကွီရိုက လိုက်လံထိုးသတ်ပြီး လက်သီးချက်တွေ ပိုမိုအသုံးပြုခဲ့ပေမယ်မေ၀ယ်သာက ခံစစ်နဲ့ ထိုးသတ်ကစားသွားခဲ့ပါတယ်။
DVB