Headlines News :
Home » » သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

Written By လွင့်မောင်မောင် on Tuesday, May 5, 2015 | 8:45 PM

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အခြေစိုက်သည့် အစိုးရတပ်မတော် တပ်ရင်းတခုအား အမည်မသိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က တနာရီခန့်အကြာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။




မေလ ၄ ရက် ည ၈ နာရီကျော် မှ ၉ နာရီကျော်သည့် အထိ အင်အား ၅၀ ခန့်ရှိ အမည် မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က သီပေါမြို့မြောက်ဘက် တုံစန့်ရွာနှင့်ကပ်ရက်ရှိ အစိုးရတပ်မတော် တပ်ရင်း အမှတ် ခလရ ၂၃ အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။


သီပေါမြို့မှ စစ်တပ်နှင့်နီးစပ်သူတဦးက “  မြန်မာစစ်တပ်ဘက်က တယောက်သေတယ်။ ဒဏ်ရာရတာက ၄ ယောက် ။ တိုက်ခိုက်ရေးအင်အားက ရှေ့တန်းထွက်နေကြတယ်လေ။ တပ်စောင့်သိပ်မရှိဘူးဆိုတာသိကြတော့ ဝင်ပစ်ကြတာလည်းဖြစ်နိုင်တယ်” ဟုပြောသည်။


အတည်မပြုနိုင်သေးသည့်သတင်းအရ ခလရ ၂၃ အားဝင်ရောက်ပစ်ခတ်သည်မှာ  TNLA တအာန်းတပ်ဖွဲ့ဖြစ်သည်ဟုဆိုပါသည်။


တအာန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာချက်အရ မေလ ၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်နှင့် မိုးကုတ်ကြားက အစိုးရတပ်ဖွဲ့ စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ကြောင်း၊ ညနေ ၆ နာရီတွင်မူ မိုင်းလုံနှင့်ကျောက်မဲကြားက အစိုးရ တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွါးခဲ့သေးကြောင်း၊ သီပေါမြို့တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပေ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template