
(Photo: courtesy of the Royal Household Bureau)
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီး တို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိကြောင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် Mahidol တက္ကသိုလ် ဥက္ကဌ ဒေါက်တာ Udom Kachintorn ကပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
မေလ ၅ရက်နေ့က ဘုရင်နှင့် မိဖုရားတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ဒေါက်တာ Udom Kachintornက ဘုရင်မင်းမြတ်၏ ကျန်းမာရေးကောင်းမွန်နေပြီး မည်သည့်ရောဂါမျှခံစားရခြင်း မရှိတော့ ဟုဆိုသည်။ အလုံးစုံပြန်လည် ကျန်းမာသန်စွမ်းလာရေးအတွက် ဆရာဝန်အဖွဲ့တခုက ဆက်လက်စောင့်ရှောက် ပေးနေ သည် ဟု သိရသည်။ ယခုအခါတွင် ဘုရင်မင်းမြတ်သည် Siriraj ဆေးရုံမှ အခြားနေရာများသို့ ခရီးသွားလာနိုင် နေပြီ ဖြစ်သည်ဟုလည်းဆိုသည်။
မိဖုရားကြီး၏ ကျန်းမာရေး အခြေအနေသည်လည်း ကောင်းမွန်နေသည်ဟု ဒေါက်တာ Udom Kachintornက ပြောသည်။ ဘုရင်နှင့် မိဖုရားတို့က သူတို့နေထိုင်ရာ နန်းတော်သို့ ပြန်ရန်ဆန္ဒရှိနေသည်ဟုလည်း ဆိုသည်။ ထိုင်းဘုရင်မင်းမြတ်သည် ပြီးခဲ့သည့် နှစ် အောက်တိုဘာလ အတွင်းမှစတင်၍ Siriraj ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူ နေခဲ့ရသည်။
ထိုင်းဘုရင်မင်းမြတ်သည် မေလ ၅ရက်နေ့တွင် ဘုရင့်နန်းတော်ရှိ Amarin Winitchai ပုလ္လင်ခန်းမ၌ ပြုလုပ်ခဲ့သည့် ၆၅ နှစ်မြောက် နန်းတက်ပွဲအထိန်းအမှတ်နေ့ အခန်းအနားသို့ တက်ရောက်ခဲ့ သည်။ မနက် ၁၀ နာရီ ၂၅ မိနစ် တွင် ဆေးရုံမှ နန်းတော်သို့ ထွက်ခွာခဲ့ရာတွင် သူ၏ ယာဉ်တန်းဖြတ်သန်းရာ လမ်းတ လျှောက်တွင် ပြည်သူများက “ဘုရင်မင်းမြတ် အသက်ရှည်ပါစေ” ဟု ကြွေးကြော်ဆုတောင်းပေးခဲ့ကြသည်။
ဘန်ကောက်ပို့စ်