၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်
မြန်မာ ယူ-၂၀ အသင်းအနေနဲ့ အုပ်စုအဆင့်ကနေတက်ဖို့ အဓိကထား ကစားသွားမယ်လို့
အသင်းခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
မေ ၉ ရက် နိုဗိုတယ် ဟိုတယ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် မြန်မာ ယူ ၂၀ အသင်းခေါင်းဆောင် နန္ဒကျော်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် အသင်းအနေနဲ့
အကောင်းဆုံးကြိုးစားပြီးတော့ တတ်နိုင်သမျှ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ၊
အဓိက အုပ်စုတက်နိုင်ဖို့အတွက် အကုန်လုံးက ရေကုန်ရေခန်း ကြိုးစားနေကြပါတယ်။
မြန်မာယူ ၂၀ အသင်းအနေနဲ့ ဥရောပ ၅ နိုင်ငံကို ပူးတွဲလေ့ကျင့်ဖို့အတွက်
သွားရောက်ခဲ့သလို မေ ၁၄ ရက်မှာလည်း သြစတြေးလျကို
သွားရောက်လေ့ကျင်မှာဖြစ်ပြီး ၂၅ ရက်နေ့ကျမှာ နယူးဇီလန်နိုင်ငံ
သွားရောက်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ
ဦးစိုးမိုးကျော်က ပြောပါတယ်။
၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အမေရိကန်၊
ယူကရိန်း၊ အိမ်ရှင်နယူးဇီလန်တိုနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
မေ ၃၀ ရက်မှာ အမေရိကန်အသင်း ဇွန် ၂ ရက်နေ့မှာ ယူကရိန်းအသင်း ဇွန် ၅
ရက်မှာ အိမ်ရှင် နယူးဇီလန် နယူးဇီလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ