Headlines News :
Home » » ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူ ၉၀ ခန့်ကို ဖမ်းဆီးပြီး ရဲစခန်းအပ်နှံ

ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူ ၉၀ ခန့်ကို ဖမ်းဆီးပြီး ရဲစခန်းအပ်နှံ

Written By Live100 on Sunday, May 3, 2015 | 8:51 PM


 ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမှာ ကချင်လူငယ်လူမှု အဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့က မူးယစ်ဆေး သုံးစွဲ ရောင်းဝယ်သူ ၉၀ လောက်ကို ဖမ်းဆီးပြီး မြို့နယ်ရဲစခန်းကို အပ်နှံခဲ့ပါတယ်။

မေလ ၂ ရက်က နန်းမားတောင်ခြေနားမှာ မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေသူတွေကို ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖမ်းတဲ့ထဲပါတဲ့ နန်းမားက ကိုမြင့်ဆွေက ပြောပါတယ်။

“ညကတည်းက သွားဝိုင်းပြီးဖမ်းလိုက်တာဗျ၊ နန်းမားတောင်ခြေမှာ သွားဝိုက်တာ။ အဲ့ဒီမှာ ဘိန်းရှူတဲ့ သူတွေမိတယ်၊ ထိုးပုလင်းပေါင်း ၆၀ မိတယ်၊ ဆေးပြားက ၂၀၀ ကျော်တယ်။ သွားဖမ်းတဲ့သူက ၄၀ ကျော်တယ်။ မိလာတာက ၉၀ ကျော်တယ်။ နယ်ပေါင်းစုံကလူတွေပဲ။ ဟိုပင်၊ မိုးညှင်း၊နန့်ခွင်၊မန်းနား အဲ့ဒီကလူတွေပေါ့။ ကျောင်းသားတွေလည်း ပါတယ်။ သူတို့က တောင်ခြေတောထဲမှာ ပွဲတော်ကြီးလိုပဲ လုပ်နေကြတာ။”

ဖမ်းမိတဲ့သူတွေကို မိုးညှင်းရဲစခန်းထံ အပ်နှံလိုက်ပြီး ရဲစခန်းက မူးယစ်ဆေး လက်ဝယ်တွေ့သူ ၁၂ ယောက်ကို အမှုဖွင့်ထားပြီး ကျန်တဲ့သူတွေကိုတော့ ပညာပေးဟောပြောပြီး ပြန်လွှတ်မယ်လို့ မိုးညှင်းရဲစခန်း တာဝန်ကျရဲအုပ်က မေ ၃ ရက်မှာ ပြောပါတယ်။

“ပစ္စည်းနဲ့ လက်ဝယ်တွေ့သူတွေကို အမှုဖွင့်အရေးယူထားတယ်၊ ကျန်တဲ့သူတွေကိုတော့ ပညာပေးဟောပြောပြီး ပြန်လွှတ်မယ်။ အားလုံးပေါင်းက ၈၇ ယောက်၊ အရေးယူထားတာက ၁၂ ယောက်၊ ခံဝန်ကတိနဲ့ ပြန်လွှတ်မှာက ၇၅ ယောက်၊ သူတို့ဖမ်းလာတဲ့ထဲမှာ အပြစ်မရှိဘဲ ယောယောင်ပြီး ပါလာတဲ့သူတွေလည်း ရှိတယ်လေ။”

ကချင်ပြည်နယ်ထဲ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အခုလိုပဲ လူမှုအဖွဲ့အစည်းတွေနဲ့ ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းဖမ်းဆီတာမျိုး မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ဓာတ်ပုံ- အိမွန်ကို
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template