Headlines News :
Home » » မင်းပြားမြို့နယ်မှ အုပ်ချုပ်ရေးမှူး တစ်ဦးအပါအ၀င် သုံးဦးဖမ်းဆီးခံရ

မင်းပြားမြို့နယ်မှ အုပ်ချုပ်ရေးမှူး တစ်ဦးအပါအ၀င် သုံးဦးဖမ်းဆီးခံရ

Written By Live100 on Sunday, May 3, 2015 | 8:54 PM

 
ရန်ကုန်၊ မေ ၃

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအပါအ၀င် လူ (၃) ဦး ဖမ်းဆီးခံထားရကြောင်း သတင်း ရရှိသည်။

“ ဒီကနေ့ထိ အတည်ပြုနိုင်တာက သုံးဦးပါ။ တစ်ဦးက လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၊ နောက်တစ်ဦးက ငစရိုင်းချောင်းကျွန်းက ဆရာ ဦးရွှေလုံးနဲ့ ကျန်တစ်ဦးက မင်းပြားမြို့ပေါ်က အကယ်ဒမီ စီဒီအခွေ အဌားဆိုင်မှ ကောင်လေး တစ်ယောက် ဖြစ်ပါတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

မင်းပြားမြို့ပေါ်က အကယ်ဒမီ စီဒီအခွေအဌားဆိုင်မှ ဖမ်းဆီးခံရသူမှာ ကိုမျိုးဝင်းဇော် ဖြစ်ပြီး ဧပြီလ ၂၈ ရက် ည ၁၀ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

“ ကျွန်တော်က လွှတ်တော် အမတ် တစ်ယောက် ဖြစ်ပေမယ့် ဒီလို ကိစ္စတွေကို တစ်စုံတစ်ရာ အာဏာပိုင်တွေက ထုတ်ဖော် ပြောကြားတာ မရှိတဲ့ အတွက် အသေးစိတ် ပြောဖို့အခက်အခဲရှိပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲမှူးတို့ကို မေးတော့လည်း တပ်က လုပ်တာ ဖြစ်တဲ့ အတွက် သူတို့ ဘာမှ မတတ်နိုင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ ကြားသိရသလောက် သူတို့ကို ကျောက်တော်မြို့ တပ်မ ၉ ကို ခေါ်ယူသွားတယ်လို့ ကြားရပါတယ်” ဟု ဦးသာကျော်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အဖမ်းအဆီးကိစ္စနှင့် ပတ်သက်ပြီး လဟာကျယ် ကျေးရွာသို့ ဆက်သွယ်မေးမြန်းရာ ကိုဝင်းမောင်၏ ဆွေမျိုးတစ်ဦးက ယခုလို ပြောသည်။

“ သူ့ကို မင်းပြားကို သွားတဲ့အခါ မင်းပြားကနေ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ သူအခု ဘယ်ကို ရောက်နေတယ်ဆို ဘယ်သူမှ တိတိကျကျ မသိရပါဘူး။ ဒါကြောင့် ကိုဝင်းမောင်ရဲ့ ဇနီးနဲ့ ညီမဖြစ်သူတို့က စိုးရိမ်ပြီး လိုက်ရှာဖို့ ထွက်သွားပါတယ်” ဟု ပြောဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကိုတောင် ယခုကဲ့သို့  ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးသွားသဖြင့် ကျေးရွာသားများ အနေဖြင့် အထူး စိုးရိမ်မှုများ တိုးပွားနေသည်ဟု သူက ပြောဆိုသည်။

မင်းပြားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ရခိုင်လို ပြောဆိုသည်။ သူပြောသည်မှာ

“ စစ်တပ်က ဖမ်းတဲ့ နေရာမှာ ရဲကို အသိပေး အကြောင်းကြားတာ မရှိတဲ့ အတွက် ကျွန်တော်တို့ ဘယ်မှာ ချုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ မသိပါဘူး” ဟု ပြောဆိုသည်။

ယခုအခါ မင်းပြားမြို့နယ်မှ သုံးဦး အပါအ၀င် ကျောက်တော်မြို့နယ်မှ ကိုဇော်ဝင်းမောင်၊ ကိုမောင်သန်းမြင့်တို့ကိုလည်း ဖမ်းဆီးထားသဖြင့် ရခိုင်တစ်ပြည်နယ်လုံးတွင် ဖမ်းဆီးခံထားရသူ လူပေါင်း အနည်းဆုံး ၂၀ ထက် မနည်းရှိနိုင်သည်ဟု ကျောက်တော်မြို့ လူမှုရေး လူပ်ရှားသူများက ပြောဆိုသည်။

နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template