၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက မလေးရှား အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ၄၃ မိနစ်နဲ့ ၄၆ မိနစ်မှာ ၀င်းသိဂီင်္ထွန်းနဲ့
ဒုတိယပိုင်း ၆၈ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ရီရီဦးတို့က
သွင်းယူသွားပေးတယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်ခ်
စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီပွဲအနိုင်ရရှိခဲ့တဲ့ အတွက် မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ဒီပွဲစဉ်မှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
မြန်မာအသင်းက ဖိလစ်ပိုင် မလေးရှားအသင်းတွေကို အနိုင်ရရှိခဲ့ပေမယ့် ဗီယက်နမ်ကို ရှုံးနိမ့်ထားပါတယ်။
DVB