အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ထဲက အမေရိကန် အစိုးရက အလိုရှိနေတဲ့ ခေါင်းဆောင် ၄ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီး သူတို့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်ရင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ ချီးမြှင့်မယ်လို့ ကြေညာပါတယ်။
အိုင်အက်စ်အဖွဲ့က တက္ကဆက်ပြည်နယ်က တိုက်ခိုက်မှုကို သူတို့ လက်ချက်ပါလို့ ကြေညာပြီး နောက်တရက်မှာ အခုလို ဆုငွေထုတ်လိုက်တဲ့အကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဆုငွေထုတ်လိုက်တဲ့ လေးယောက်ကတော့ အိုင်အက်အဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင် ကာဒူရီ၊ အကြီးတန်း ပြောရေးဆိုခွင့်ရှိသူ အတ်နာနီ၊ ဆီရီးယား မြောက်ပိုင်း စစ်မြေပြင် တပ်မှူးကြီး ဘာတီရာ အာရှာဗီ၊ အသေခံ ဗုံးခွဲသမားတွေရဲ့ အကြီးအကဲ ဟာဇီ တို့ဖြစ်ပါတယ်။
ကာဒူရီအတွက် ဆုငွေ ဒေါ်လာ ၇ သန်း၊ အတ်နာနီနဲ့ ဘာတီရာ အာရှာဗီတို့ကို သတင်းပေးနိုင်ရင် ဒေါ်လာ ၅ သန်းစီ၊ နောက်ဆုံး တယောက်ဖြစ်တဲ့ ဟာဇီကို ဖမ်းဖို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၃ သန်း အသီးသီး ထုတ်လိုက်တာပါ။
အမေရိကန်အစိုးရဟာ အိုက်အက်အဖွဲ့ ခေါင်းဆောင် အဘူ ဘာခါ အယ် ဘာဒါဒီကိုလည်း ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားပါတယ်။
အခုနောက်ဆုံး အိုက်အက်အဖွဲ့ခေါင်းဆောင်လေးယောက်အတွက် ထုတ်လိုက်တဲ့ ဆုငွေ ပမာဏကတော့ ဘင်လာဒင် သေဆုံးပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လတုန်းက အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ အေမန်း အယ် ဇ၀ါဟာရီကို ဒေါ်လာ ၂၅ သန်း ထုတ်တဲ့ နောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။
DVB