Headlines News :
Home » » မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ မြို့တွင်း အခြေအနေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ

မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ မြို့တွင်း အခြေအနေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ

Written By လွင့်မောင်မောင် on Sunday, June 10, 2012 | 8:20 PM

Sunday, 10 June 2012 15:51       http://www.weeklyeleven.com

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက ဇွန်လ ၈ ရက်နေ့၌ လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းနေ့တွင်ပင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း အခြေအ နေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့တွင်မူ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား  များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဖြစ်ကြပြီး ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိကာ သတိပေးမှုများ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြောင်း သိရသည်။


မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ပြင် ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံး ရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃  နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်းဖြစ်သည်။ အဆိုပါ နေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။  လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template