Headlines News :
Home » » ဒုသမ္မတဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့အမှိုက်ပုံ အပါအ၀င် မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ

ဒုသမ္မတဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့အမှိုက်ပုံ အပါအ၀င် မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ

Written By လွင့်မောင်မောင် on Sunday, June 10, 2012 | 3:06 PM



ရန်ကုန်၊ဇွန်-၁၀
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။
“ ည ၁၁ နာရီလောက် ကနေ ၁၂ နာရီလောက်ထိတစ်လုံးပြီးတစ်လုံးဆက်တိုက်ကွဲတာ မူဆယ် ပြည်ထောင် စုလမ်းမကြီးတလျှောက်မှာရှိတဲ့လမ်းလယ်ကျွန်းတွေနဲ့ အမှိုက်ပုံတွေမှာကွဲတာ နောက်ဆုံးကွဲတဲ့အလုံးက ဒုသမ တဒေါက်တာဆိုင်းမောင်ခမ်းခြံဝင်းမှာရှိတဲ့အမှိုက်ပုံမှာ” ဟုမူဆယ်ဒေသခံကုန်သည် တစ် ဦးကပြောသည်
ဗုံးကွဲချိန်တွင်လူသွားလူလာနဲသောအချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်းဗုံးကွဲသံမှာ ကျယ်လွန်း သဖြင့်ဒေသခံများထိတ်လန့် ခဲ့ရကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည် မေလ ကုန်ပိုင်းတွင်မူဆယ်လားရှိုးလမ်းမပေါ်တွင်ကုန်ကား သုံးစီးကားလက်နက်ကိုင်တစ်စုက ဗုံးခွဲ ခဲ့သဖြင့် ကုန်ကားများမှာ ယခုချိန်ထိ ည မထွက်ရဲဖြစ်နေခဲ့ရသည်။
ထိုအပြင် ဧပြီလဆန်းပိုင်းကလဲ မူဆယ်ဒေသရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် ဗုံးတစ်လုံးကွဲခဲ့သဖြင့် လ၀က အရာ ရှိတစ်ဦးသေဆုံးခဲ့သည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template