အခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဇောတိက ကမ်းလွန်လုပ်ကွက်က
ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံနီးပါး တရုတ်နိုင်ငံကို
တင်ပို့ခဲ့တယ်လို့ ကျောက်ဖြူ- ခွင်းမင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
တာဝန်ယူထားတဲ့ တရုတ် စီအန်ပီစီက သတင်းထုတ်ပြန်ပါတယ်။
စီမံကိန်း စာချုပ်အရ ကျောက်ဖြူ-ခွင်းမင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ
ပေးပို့သွားဖို့ ရှိပြီး၊ နောက်ပိုင်း ရေနံပိုက်လိုင်းကနေ တဆင့်
ရေနံတင်ပို့ပေးသွားဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်အထိ
သွယ်တန်းထားတဲ့ သဘာဝ ပိုက်လိုင်း စီမံကိန်းကို တရုတ် စီအန်ပီစီ က ၅၁
ရာခိုင်နှုန်းနဲ့ ကျန်တာကို ကိုရီးယား၊ အိန္ဒိယ ကုမ္ပဏီတွေကပါ ပူးတွဲ
ပိုင်ဆိုင်ထားကြပါတယ်။
DVB