ကျောက်မဲမြို့ရဲစခန်းမှာ စနေနေ့က အချုပ်ဖောက်ပြီးထွက်ပြေးမှုတခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ် နှိမ်နင်းရာမှာ ၃ ဦးသေဆုံးသွားတယ်၊ ရဲတပ်ဖွဲ့ဝင်လည်း အနည်းဆုံး ၅ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ညဘက် ၇ နာရီဝန်းကျင်မှာ အချုပ်ဖောက်ထွက်ပြေးမှုဖြစ်တယ်၊ ရဲက သေနတ်ဖောက်တယ်လို့ သူက ပြောပါတယ်။
ထွက်ပြေးတော့ ပစ်တယ်၊ သုံးယောက်သေတယ်၊ ဘယ်သူတွေထွက်ပြေးသလဲ စစ်ဆေးတော့ ၇ ယောက် ပြေးတယ်လို့ သိရတယ်၊
သူတို့ကို ခုခံမှု၊ ထွက်ပြေးမှုတွေနဲ့ စွဲဆိုထားတယ်လို့ ဆိုပါတယ်။
ရဲစခန်းမှူးလည်း ဒဏ်ရာ အပြင်းအထန် ရသွားတယ်၊ အခုတော့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ် တဲ့။
ထွက်ပြေးဖို့ကြိုးပမ်းသူတွေကတော့ မကြာသေးခင်ကမှ မူးယစ်ဆေးအမှုနဲ့ ထိန်းသိမ်းခံထားရသူတွေဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီ
- မူရင်းသတင်း - Three Escapees Shot Dead in Failed Kyauk Mae Jailbreak http://www.irrawaddy.org/burma/three-escapees-shot-dead-failed-kyauk-mae-jailbreak.html