Headlines News :
Home » » ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့

ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့

Written By လွင့်မောင်မောင် on Wednesday, July 30, 2014 | 12:06 PM

အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဟာကျူလီ လေယာဉ်ကြီးတစီးဟာ ဂျာမနီ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆင်းသက်စဉ်မှာ လေယာဉ်ဘီးမှာ လူငယ်တဦးရဲ့ အလောင်းကိုတွေ့ခဲ့ရတယ်လို့ ပင်တဂွန် က ပြောပါတယ်။ 


US Air Force C-130J Super Hercules
 အမေရိကန်စစ်လေယာဉ် C 130J၊ ဓာတ်ပုံ- အေအက်ဖ်ပီ
US Air Force C-130J Super Hercules
US Air Force C-130J Super Hercules
US Air Force C-130J Super Hercules
ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လူမည်း ဆယ်ကျော်သက် လူငယ်လေးဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးသလို သူ ဘယ်အချိန်က ဘယ်နေရာက နေ လေယာဉ်ဘီးမှာ ခိုအောင်း လာခဲ့တယ်ဆိုတာလည်း သေချာ မသိရသေးပဲ စုံစမ်းနေဆဲ
ဖြစ် တယ်လို့ ကာဘီက ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ကာဘီပြောဆိုချက်အရ ဒီ လူမည်း ဆယ်ကျော်သက်လူငယ်ဟာ အာဖရိကနွယ်ဖွားဖြစ်နိုင်တယ်လို့ဆိုထား ပါ တယ်။ 

အခု အမေရိန်စစ်လေယာဉ်ကြီးဟာ ခရီးစဉ် အတွင်း အမေရိကန်ပြည်ထောင်စု အာဖရိက ကွပ်ကဲရေး နယ်မြေအတွင်းက နိုင်ငံတချို့မှာ ပျံသန်းရင်း ရပ်တန့်ခဲ့တယ်လို့ ကာဘီက ပြောပါတယ်။ ဒါပေမယ့် 
လေယာဉ်ရပ်ခဲ့တဲ့ နိုင်ငံအမည်တွေကို တော့ သူက မပြောခဲ့ပါဘူး။ 

 တလောကလည်း အမေရိကန်ပြည်ထောင်စုထဲကို ခိုးဝင်လိုတဲ့ လူငယ်တဦးကလည်း လေယာဉ်ဘီး အတင်အချ လုပ်တဲ့ နေရာမှာ ခိုအောင် လိုက်ပါလာခဲ့ပါသေးတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ သူ အသက်ရှင်ခဲ့သလို ဘာမှ မဖြစ်တာကြောင့် ဘယ်လို အသက်ရှင်ခဲ့တယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ် ခဲ့ကြ ရတာပါ။ 


အိမ့်သံစဉ် ~ ဧရာဝတီBlog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template