Headlines News :
Home » » လားရှိုး မြို့ တွင် မိုးသည်း ထန်စွာ ရွာသွန်း ချိန် ကျောင်း ရှေ့ ရေနုတ် မြောင်းတွင် ကျောင်းသူ တစ်ဦး ရေထဲ မျောပါ သေဆုံး

လားရှိုး မြို့ တွင် မိုးသည်း ထန်စွာ ရွာသွန်း ချိန် ကျောင်း ရှေ့ ရေနုတ် မြောင်းတွင် ကျောင်းသူ တစ်ဦး ရေထဲ မျောပါ သေဆုံး

Written By လွင့်မောင်မောင် on Monday, July 28, 2014 | 10:27 PM

 
လားရှိုး၊ ဇူလိုင် (၂၈)

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့ ၊ နံနက် (၁၀)နာရီခန့် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ နှင့် အနီးဝန်း ကျင်များ၌ မိုးသည်း ထန်စွာရွာသွန်းခဲ့ရာ ရပ်ကွက် အများအပြားတွင် ရေလျံခြင်းများ ဖြစ်ပေါ်ပြီး ကျောင်းသူငယ်လေး တစ်ဦး ရေစီးနှင့် မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ ၊ ရပ်ကွက် (၁) (၇) (၈) (၉) (၁၀) တို့ တွင် ၄၅ မိနစ်ခန့်  လမ်းမများ ပေါ် ရေအိုင်ထွန်းခြင်း၊ အနိမ့်ပိုင်းရှိ အိမ်ခြေများတွင် ရေ၀င်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ရပ်ကွက် (၇) စိတ္တသုခ ဘက ကျောင်းရှေ့  ရေနုတ်မြောင်းတွင် ရေအပြည့်၊အရှိန်အပြည့်ဖြင့် စီးဆင်းနေချိန်တွင် သူငယ်တန်းကျောင်းသူတစ်ဦး ရေစီးနှင့်မျောပါသေဆုံးခဲ့ခြင်းဖြစ်သည်။

မနက် ၁၀ နာရီခွဲမှာ ထမင်းစားဆင်းတော့ ကလေးတွေက ထွက်လာကြတာပေါ့။ အဲဒီမှာ ကျွန်မနား ကလေး တစ်ယောက်မျောလာတာကို တွေ့ လိုက်တယ်။ အဲဒါနဲ့ လိုက်ဆယ်ကြပေမယ့် အသက်မမှီလိုက်ဘူး ဟု ဘက ကျောင်းရှေ့ တွင် မုန့် ပဲသွားရေစာများရောင်းချသူ ဈေးသည်တစ်ဦးက ပြောပြသည်။

မကေခိုင်ဦးသည် အဖ ဦးအောင်ဘ၊ အမိ သန်းသန်းလှတို့ ၏ တစ်ဦးတည်းသောကလေးဖြစ်ပြီး ဘကကျောင်းအနီး စိတ္တသုခတိုးချဲ့ ကွက်သစ်တွင် နေထိုင်ကြောင်း သိရသည်။

အဆိုပါရေနုတ်မြောင်းသည် အစပိုင်းတွင် အကျယ် (၂)ပေ၊ အနက် ၃ ပေခန့် ရှိပြီး ကျောင်းရှေ့ မျက်နှာစာတစ်ခု လုံးကို ဖြတ်ကာဖောက်လုပ်ထားခြင်းဖြစ်သည်။ အမြဲရေပြည့်နေလေ့မရှိပဲ မိုးသည်းထန်စွာရွာသွန်းသောအခါ စိတ္တ သုခ ဘုရားတောင်ဖက်မှ စီးဆင်းလာသော ရေလုံးကြီးဝင်ရောက်လေ့ရှိကာ မြောင်းအပြည့်ရေစီးလေ့ရှိပြီး မိုးတိတ် သွားလျင် ရေမြောင်းတွင်လည်း ရေကုန်သွားလေ့ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ကျောင်းရှေ့ ရေနုတ်မြောင်း ရေစီးနှင့်မျောပါကာ မကေခိုင်ဦးသေဆုံးရမှုကို လားရှိုးမြို့ မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၄ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 ကိုးတောင်ဝင့် / Lashio News Diary
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template