![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAD0QuL_RQf4YH3UK6_S1Q2e7NUNS6MGzjqBKvNVqrM3jJUWG8ASPK4-1ZGAyU_f7xIgr-pPBJROGafF1XimRPgKNRAIj7k4Zggm5Z14aGTx8rnYaLTQwNrgdCFNOixYAtjR3LrRf2XM/s400/2.jpg)
နေပြည်တော် မြို့မဈေးရှိ မိုဘိုင်းလ်ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး Mobile Zone ဆိုင်၌ ယနေ့ မွန်းလွဲပိုင်းတွင် အော်ရီဒူး (Ooredoo) ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းမှ ဖုန်းဆင်းကတ်များကို ငွေကျပ် ၁၅ဝဝဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ ဖုန်းဆင်းကတ် ရောင်းချရာ၌ လိုင်စင်ဓာတ်ပုံ (၁)ပုံ၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် မိတ္တူ ပေးဆောင်ရသည့်အပြင် ငွေဖြည့်ကတ် ငွေကျပ် ၅ဝဝဝ တစ်ကတ်ပါ ရောင်းချပေးပြီး ဆင်းကတ်သည် သြဂုတ် ၁၄ ရက်အထိ စမ်းသပ် ကာလဖြစ်၍ ငွေဖြည့်သွင်း ရန်မလိုဘဲ သြဂုတ် ၁၅ရက်မှ ငွေဖြည့် နိုင်မည်ဖြစ်သည်။ စမ်းသပ် ကာလအတွင်း Ooredooဆင်းကတ် အချင်းချင်း မိနစ် ၉ဝဝအခမဲ့ ဖုန်းခေါ် ဆိုနိုင်ပြီး အခြား မိုဘိုင်းလ်ဖုန်း များသို့ မိနစ် ၉ဝအခမဲ့ ဖုန်းခေါ် နိုင်မည်ဖြစ်သည်။ ထို့ပြင် 1MB.3G.Internet အခမဲ့သုံး နိုင်ကြောင်းနှင့် ဆင်းကတ်များသည် 3G ရသော ဟန်းဆက်တွင်သာ အသုံးပြု နိုင်ကြောင်း Mobile Zone အရောင်းဆိုင်မှ ကိုညီညီဇော် က ရှင်းပြသည်။
ထို့အတူ နေပြည်တော်ရှိ အခြား Ooredoo ဆိုင်ခွဲများ တွင်လည်း ယနေ့စတင် ရောင်းချခဲ့ကြောင်း သိရသည်။
ကျော်သူရ(နေပြည်တော်)
မြ၀တီ