Headlines News :
Home » » လယ်ယာမြေစုံစမ်းရေး ကော်မရှင်သက်တမ်း ၂ နှစ် ရှိပြီဖြစ်သော်လည်း အားမရသေးဟု အဖွဲ့ဝင်များပြော

လယ်ယာမြေစုံစမ်းရေး ကော်မရှင်သက်တမ်း ၂ နှစ် ရှိပြီဖြစ်သော်လည်း အားမရသေးဟု အဖွဲ့ဝင်များပြော

Written By လွင့်မောင်မောင် on Sunday, July 27, 2014 | 6:55 PM

လယ်ယာမြေသိမ်း ဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခဲ့သည်မှာ သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ် သော်လည်း သိမ်းဆည်းခံ လယ် ယာမြေများနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မှုများကို အားရမှု မရှိကြောင်း ကော်မရှင်အဖွဲ့ဝင် များက ပြောကြားသည်။
‘‘အောင်မြင်တဲ့ကိစ္စတွေက နည်းပါးပြီး တချို့ကိစ္စတွေက မ အောင်မြင်ဘူး’’ ဟု သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်သည့် ကော်မရှင်နှင့်ပတ်သက်၍ မွန်ပြည်နယ် ရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြောကြားသည်။
သက်တမ်း ၂ နှစ်နီးပါးရှိပြီ ဖြစ်သည့် ကော်မရှင်အနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများအ ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှု များ၊ အခက်အခဲများ ရှိနေဆဲဖြစ် ကြောင်း ဒေါ်မိမြင့်သန်းက ပြော သည်။
‘‘တချို့နေရာတွေမှာ ကျွန်မ တို့က ကွင်းဆင်းစစ်တယ်။ အစီ ရင်ခံစာတွေ တင်တယ်။ ဒါပေမဲ့ ဘာမှ မထူးခြားလာတာတွေလည်း ရှိတယ်။ လယ်သိမ်းတဲ့လူတွေကို အရေးမယူနိုင်တော့ တချို့နေရာ တွေဆို သိမ်းထားတဲ့လူကို အ သိမ်းခံရတဲ့လူက ပြန်ကြောက်နေ ရတယ်’’ ဟု ဒေါ်မိမြင့်သန်းက ပြောသည်။
 ခေတ် အဆက်ဆက်က သိမ်းယူခံထားရသည့် လယ်ယာ မြေနှင့် အခြားမြေများ အရေး အဖြေရှာရန် ပြည်သူ့လွှတ်တော် တွင် လယ်ယာမြေသိမ်းဆည်းခံရ မှု စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ၂၀၁၂ သြဂုတ် ၈ ရက်က အဖွဲ့ ၀င် ၇၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့က ကွင်းဆင်း စစ်ပြီး အစီရင်ခံစာ ပြန်တင်ရ တာ။ အရေးယူဆောင်ရွက်တာ အစိုးရအပိုင်းကလုပ်တာ။ တစ်ခါတလေ ကိုယ်က သေချာစစ် ဆေးပေမယ့် အရေးယူမှုက နှေး ကွေးတော့ အားမရတာ၊ လယ်သ မားတွေရဲ့ အထင်လွဲ ခံရတာတွေ ရှိတယ်’’ ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
  ယင်းကော်မရှင်သည် ၂၀၁၀ ဇူလိုင်လအတွင်းက ပြု လုပ်ခဲ့သော ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မဲဆန္ဒနယ်မှ ဦး တင်ထွတ်က လယ်ယာမြေ သိမ်းဆည်းခံရသည့်အရေး အဆိုတင်သွင်းပြီး နောက်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထွန်းခိုင် 7Day Daily

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template