Headlines News :
Home » » ဒေသခံများ၏ ဥယျာဉ်ခြံမြေများတွင် ရွှေကမ္ဘောဇကုမ္ပဏီမှ ဆီအုန်းဝင်စိုက်ဟုဆို

ဒေသခံများ၏ ဥယျာဉ်ခြံမြေများတွင် ရွှေကမ္ဘောဇကုမ္ပဏီမှ ဆီအုန်းဝင်စိုက်ဟုဆို

Written By လွင့်မောင်မောင် on Sunday, July 27, 2014 | 5:40 PM


 မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်
သိန်ခွန်းကျေးရွာအုပ်စု ထုံခါကျေးရွာရှိ ဒေသခံများ၏ ဥယျာဉ်ခြံမြေများတွင်
ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီမှ ဆီအုန်း လာရောက် စိုက်ပျိုးရှိနေသည်ဟု
ယင်းကျေးရွာနေ ဒေသခံတစ်ချို့ထံမှ သိရသည်။
ရော်ဘာပင်များ စိုက်ပျိုးထားသည့် မြေပေါ်တွင် ဆီအုန်းစိုက်ပျိုးရန်
အပင်များ လာရောက် ချထားသည်ဟု ထုံခါကျေးရွာနေ ဥယာဉ်ခြံပိုင်ရှင်
ဦးမြင့်မောင်က ပြောသည်။
“သီးပင်စားပင်များစိုက်ပျိုးထားတဲ့ ဥယျာဉ်မြေထဲမှာ ကုမ္ပဏီက
ဆီအုန်းဝင်ရောက်စိုက်ပျိုးနေပါတယ်”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးအောင်က
ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အထက်ပါ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ
ဆီအုန်းပင်များကို ကုမ္ပဏီပိုင်မြေတွင်သာ စိုက်ပျိုးနေခြင်းဖြစ်ပြီး
ဒေသခံများ၏ မြေတွင် ၀င်ရောက် စိုက်မျိုးခြင်းမရှိဟု ရွှေကမ္ဘောဇကုမ္ပဏီမှ
မန်နေဂျာ ဦးလှကြည်က ပြောသည်။
ရွှေကမ္ဘောဇကုမ္ပဏီက ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံမြေ ဧက ၅၀၀၀ ကျော်ကို
ဝင်ရောက်ကျူးကျော်ပြီး သိမ်းယူထားသည်ဟုဆိုကာ ဒေသခံအင်းအား ၂၅၀ ဦးဖြင့်
ဆန္ဒထုတ်ဖေါ်ရန် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်က
စာတင်ခဲ့ဖူးသည်။
ယင်းသို့ ဆန္ဒပြခွင့် တောင်းစဉ်က မြို့နယ် ပဋ္ဋိပက္ခဖြေလျော့ရေးကော်မတီက
ဦးဆောင်ပြီး တောင်သူတစ်ချို့နှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့ကို
မြို့နယ်ခန်းမတွင် ဇန်နဝါရီလ ၈ ရက်နေ့က ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့စဉ်က
ဒေသခံများ၏ ဥယာဉ်ခြံများကို အချက်အလက်နှင့်တကွ တင်ပြရန် ပြောဆိုသည့်အတွက်
တင်ပြခဲ့ရာ သက်ဆိုင်ရာမှ လာရောက် စစ်ဆေးခဲ့သည်မှအပ လက်ရှိအချိန်ထိ
တိကျသည့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချပေးခြင်းမရှိဟုဟု ဦးမောင်မြင့်က
ပြောသည်။
ထုံခါကျေးရွာသည် ကုမ္ပဏီ မရောက်လာခင်အချိန်ကတည်းက ရှိနေပြီး တောင်သူများ၏
ဥယျာဉ်ခြံမြေများကို ဆက်လက်သိမ်းယူမှုများရှိနေသဖြင့် ဒေသခံများ
လုပ်ကိုင်စားသောက်ရန်ပင် မြေနေရာများမရှိတော့ဟု ဒေသခံတစ်ချို့က
ပြောသည်။
ထုံခါကျေးရွာ၊ ချောင်းလမု၊ တားပလပ်၊ ရေဖြူ၊ ရှမ်းအင်းတော်၊
ကမ္မလိုင်းကျေးရွာ တို့ရှိ ဒေသခံတောင်သူ ၄၀၀ ဦး ကျော်တို့ကို
မြေယာလုပ်ကိုင်ခွင့်ကို ခွင့်ပြုထားပြီးဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ
၂၈ ရက် နေ့စွဲဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး
စောဟာဗီမှ သက်ဆိုင်ရာဌာနများသို့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်
ဆောင်ရွက်ပေးပါရန် အကြောင်းကြားပေးထားပြီးဖြစ်သည်ဟု အထက်ပါ
အကြောင်းကြားစာအရ သိရသည်။
အဆိုပါကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ စတင်ဝင်ရောက်လုပ်ကိုင်နေပြီး
ဒေသခံတောင်သူများပိုင် ဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များကို
မီးရှိုပြီးသော်လည်းကောင်း စက်ယန္တယားများဖြင့် သော်လည်းကောင်းမြေများ
ဝင်ရောက်သိမ်းယူမှုများရှိခဲ့ပြီး လက်ရှိအချိန်ထိ သိမ်းယူမှုများရှိနေသည်ဟု
ဒေသခံတစ်ချို့က ဆိုသည်။

|Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template