Headlines News :
Home » » ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း ပြန်လည်တင်ပြခဲ့သောအဆိုကိုသာ အဖွဲ့ချုပ်ကိုယ်စားလှယ်များ ထောက်ခံခဲ့ခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း ပြန်လည်တင်ပြခဲ့သောအဆိုကိုသာ အဖွဲ့ချုပ်ကိုယ်စားလှယ်များ ထောက်ခံခဲ့ခြင်း

Written By လွင့်မောင်မောင် on Wednesday, July 30, 2014 | 12:33 PM

 အဖွဲ့ချုပ် ဥက္ကဌ ရှင်းလင်းပြောကြားစဉ်
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဦးအောင်ဇင်တင်သွင်းသော အချိုးကျ ကိုယ်စားပြုစနစ်နှင့် ပတ်သက်ပြီး ကိုယ်စားလှယ်များ ဆွေးနွေးပြီးချိန်တွင် လွှတ်တော်၏ သဘောထားရယူခဲ့သည်။ ထိုသို့သဘောထားရယူရာတွင် မည်သည့်အဆိုကိုသဘောတူ ထောက်ခံကြောင်း မရှင်းလင်းသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြန်လည်မေးမြန်း ခဲ့သည်မှာ-

"ဥက္ကဋ္ဌကြီးရှင့် ကျွန်မကနေပြီးတော့ ဒီအဆိုကို ကန့်ကွက်တာ၊ ထောက်ခံတာထက် ဘယ်အဆိုကို ကျွန်မတို့ ကန့်ကွက်နေတာ၊ ထောက်ခံနေတာလဲဆိုတာကို မရှင်းလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဦးအောင်ဇင်ရဲ့ ဒီမှာ ကျွန်မတို့ agenda ထဲမှာရေးထားတဲ့ အဆိုမှာဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ရေးဆိုတာ လုံးဝမပါပါဘူး။ ဒီအထဲမှာပါတာကတော့ `ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး´ဆိုတော့ အဲဒီဟာနှင့် အခုဥက္ကဋ္ဌကြီး ပြောလိုက်တာနဲ့ ကော်မရှင်ဖွဲ့ရေး ကိစ္စကို သဘောတူလားဆိုတာ နဲနဲ ကွဲလွဲမှုရှိနေလို့ပါ။ ဒါကြောင့်မို့လို့ ဘာအတွက် ကျွန်မတို့ကနေပြီးတော့ ဆန္ဒပြုနေတာလည်းဆိုတာ သိချင်ပါတယ်။ ကျွန်မတို့ ထောက်ခံနေတာ ကန့်ကွက်နေတာ ဆိုတာ အခု agenda ၁၂ မှာ ပြထားတဲ့ ဦးအောင်ဇင်ရဲ့အဆိုကိုလား၊ အခု ဥက္ကဋ္ဌကြီး ပြောပြသွားတဲ့ရွေးကောက်ပွဲစနစ် သင့်တော်တဲ့ ရွေး ကောက်ပွဲစနစ်တစ်ခုကို ဆွေးနွေးရမည့် ကော်မရှင်ဖွဲ့စည်းရေးအဆိုလားဆိုတာကို ကျွန်မတို့မရှင်းလို့ပါ၊ ဒီဟာကိုမရှင်းဘဲနဲ့တော့ ကျွန်မတို့အနေနဲ့ ကန့်ကွက်ဖို့ရော ထောက်ခံဖို့ရော ခက်ပါလိမ့်မယ်”  ဟုပြန်လည် ဆွေးနွေးမေးမြန်း ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌက-

 “ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲ စနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော် လက်မခံနိုင်ပါဘူး လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကို လွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအား အောက်ပါအတိုင်း ဆက်လက်၍ မေးမြန်းခဲ့သည်။
“မြန်မာနိုင်ငံနဲ့ သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလား ခင်ဗျာ”

ထို့နောက် ကန့်ကွက်သူမရှိသည့်အတွက် အဆိုကို အတည်ပြုခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ရှင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည့် အတိုင်း “သင့်တော်သော ရွေးကောက်ပွဲစံနစ်တစ်ရပ် ပေါ်ထွန်းလာရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းမည့် အဆို” ကို ထောက်ခံခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌက မီဒီယာများနှင့်တွေ့ဆုံရာတွင် "အန်တီတို့ထောက်ခံတာက ဥက္ကဋ္ဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့အဆိုအတိုင်း မဟုတ်ဘူး။ အဲဒီဟာကို အန်တီတို့ voice ကနေပြီးတော့ နားထောင်မယ်။ နားထောင်ပြီးတော့ voice အထဲမှာ ပါတဲ့အတိုင်း၊ ဥက္ကဋ္ဌကြီး ပြောသွားတဲ့အတိုင်း အဆိုကို ထောက်ခံတာပါဆို ပြီးတော့ အန်တီတို့ရဲ့ ကိုယ်စားလှယ်တွေ အားလုံး လက်မှတ် ထိုးပြီး တော့ တရားဝင်တင်မယ်၊ အဲလိုဆိုရှင်းသွားပြီနော်။" စသည်ဖြင့်မီဒီယာများကိုပြောကြားခဲ့သည်။

အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုရှင် ဦးအောင်ဇင် တင်သွင်းသော အဆိုကို ထောက်ခံခဲ့ခြင်းမဟုတ်ပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည် တင်ပြခဲ့သော အဆိုကိုသာ ထောက်ခံခဲ့ခြင်းဖြစ်သည်။
National League for Democracy   မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template