တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့
မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့ မြစ်ကြီးနားမှာ လာမယ့် သြဂုတ် ၃
ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံမယ်လို့ အန်စီစီတီ အကြံပေး
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီဗွီဘီကိုပြောပါတယ်။
“အလွတ်သဘော ရင်းရင်းနှီးနှီး တွေ့ဆုံတဲ့သဘောပါ။ အန်စီစီတီနဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)
တို့ ရှေ့ဆက်ပြီး တွေ့မယ့် အချိန်နေရာ စသည်ဖြင့် ညှိနှိုင်းဖို့ပါ။”
မြန်မာငြိမ်းချမ်းရေး စင်တာ (အမ်ပီစီ) က ဒေါက်တာ မင်းဇော်ဦးကတော့
မြစ်ကြီးနားဆွေးနွေးပွဲကို ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့်
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက်အကြား ညှိနှိုင်းဖို့ ကျန်နေတဲ့အချက် ၃၁
ချက်ကို ဘယ်လို ညှိနှိုင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးမယ်လို့
ဆိုပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
(ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တွေ လာမယ့် သြဂုတ် ၁၂ ရက်နေ့
ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်နေမှုအပေါ် ဒေါက်တာ
ဆလိုင်းလျန်မှုန်း ဆာခေါင်းကတော့ အကြမ်းဖျင်းတွေ့ဆုံဖို့ စီစဉ်ထားပြီး
အန်စီစီတီ ဘက်က လိုင်ဇာမှ ဆွေးနွေးခဲ့တဲ့ အချက် ၁၀ ချက်ကို
တင်ပြသွားမယ်လို့လည်း ဒီဗွီဘီကို ပြောကြားထားပါတယ်။
DVB
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago