Headlines News :
Home » , » လက်ပံတောင်းတောင်စီမံကိန်းနယ်မြေအတွင်းကျူးကျော်ဝင်ရောက်သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကထိန်းသိမ်းဆောင်ရွက်

လက်ပံတောင်းတောင်စီမံကိန်းနယ်မြေအတွင်းကျူးကျော်ဝင်ရောက်သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကထိန်းသိမ်းဆောင်ရွက်

Written By လွင့်မောင်မောင် on Monday, July 28, 2014 | 8:55 AM

 
နေပြည်တော်၊ ဇူလိုင် ၂၇

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၂၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်း အနောက်ဘက်မျက်နှာစာ လုံခြုံရေး တာဝန်ဆောင်ရွက်နေသည့် ရဲကင်း၏အနောက်တောင် ယာယီခြံစည်းရိုးအပြင်ဘက် ပေ(၂၀)ခန့်အကွာ စီမံကိန်း ဧရိယာအတွင်းသို့ မိုးကြိုးပြင်အလယ်ရွာနေ ဒေါ်ဝ(၃၅)နှစ်ပါ အမျိုးသမီး(၁၅)ဦးခန့်မှ နွား ၇၀ ကောင်ခန့်အား လာကျောင်းခဲ့သည်။

ယင်းနေ့ ၁၅၀၀ အချိန် အဆိုပါနေရာသို့ မိုးကြိုးပြင် အလယ်ရွာမှ ကျား ၃၅ ဦး၊ မ ၃၀ ဦး၊ စုစုပေါင်း (၆၅)ဦးခန့်သည် နွား ၈၀ ကောင်ခန့်ဖြင့် ထပ်မံရောက်ရှိလာပြီး ခြံစည်းရိုးကာရံထားသည့်အတွင်းသို့ ၀င်ရောက် နွားကျောင်းလိုကြောင်း လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လာရောက်ပြောကြားခဲ့ရာ တာဝန်ကျ တပ်ဖွဲ့ဝင်များက စီမံကိန်းဧရိယာဖြစ်၍ အန္တရာယ်ရှိသဖြင့် အပြင်တွင်သာ ကျောင်းရန် ရှင်းပြသည်ကိုလက်မခံဘဲဆဲဆို၍ ခြံစည်းရိုးအား အတင်းတွန်းလှဲဖျက်ဆီးပြီး နွားများအား မောင်းသွင်းခဲ့သည်။


ထိုသို့မောင်းသွင်းသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားများစီမံကိန်းဧရိယာအတွင်း မ၀င်ရောက်နိုင်စေရန် တားဆီး၍ ပြန်လည်မောင်းနှင်ခဲ့ရာ အဆိုပါရွာသူ/သားများမှ တပ်ဖွဲ့ဝင်များအား ၁၅း၃၀ အချိန် လေးဂွ/ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။ ရွာသူ/သားများမှ လေးဂွ/ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတွင် နဖူးဝဲဘက် ပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့သည်။

၁၆း၀၀ အချိန် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့မှ အခင်းဖြစ်အရပ်သို့ရောက်ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဆောင်ရွက်သော်လည်း ရွာသူ/သား ၈၀ ဦးမှ နွား ၁၅၀ ကောင်ခန့်အား အကာအကွယ်ယူလျက် ဆက်လက်ပစ်ခတ်လျက်ရှိပြီး ၁၆း၁၀ အချိန် ယင်းနေရာမှ ရွာသူ/သားများ ထွက်ခွာသွားခဲ့သည်။

ထို့နောက် ၎င်းအဖွဲ့သည် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်အနီးတွင် ပြန်လည်စုစည်း၍ ယင်းတောင်ပေါ်ရှိ ရဲကင်း၌လုံခြုံရေးတာဝန် ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လေးခွ၊ ခဲများဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး ဘန်ကာအနီးသို့ ရောက်ရှိလာသဖြင့် ၁၂ ဗို့သေနတ်ဖြင့် ၂ ချက် သတိပေးပစ်ခတ်ခဲ့ရာ ၁၇း၁၅ အချိန် လူစုကွဲကာ ထွက်ခွာသွားခဲ့သည်။

ထိုသို့ ရွာသူ/သားများ၏ပစ်ပေါက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးနှင့် ဆားလင်းကြီးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဆားလင်းကြီးမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရဲဇာနည်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template