
28-7-2014 တာချီလိတ်
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ သယ်ဆောင်လာတဲ့ ကျပ်သိန်း ၂ သောင်းကျော်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေကို တာချီလိတ်ခရိုင်ရှိပူးပေါင်းတပ်ဖွဲ့တွေက
ဒီကနေ့မှာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
ဘိန်းဖြူဘလောက်တုံး တွေနဲ့အတူ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူတွေကိုပါ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ - တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့


ဧရာဝတီ