မန္တလေးတိုင်း ဒေသကြီး အတွင်းမှာ ထုတ်ပြန်ထားတဲ့ ည ၉ နာရီကနေ နံနက် ၃
နာရီအထိ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သက်ဆိုင်ရာက ဒီကနေ့ အချိန်တစ်နာရီ
ထပ်မံလျှော့ချ လိုက်ပါတယ်။
ညမထွက်ရ အမိန့်ကို ဒီနေ့မှာ ည ၁၀ နာရီကနေ နံနက် ၃ နာရီအထိ အချိန် ၁ နာရီ
လျှော့လိုက် တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူး
ဦးဇော်မင်းဦးက ပြောပါတယ်။
"ည ၁၀ နာရီကနေ မနက် ၃ နာရီအထိပေါ့ အဲ့လိုပြောင်းလိုက်ပြီ၊ ကျနော်တို့
ယခင်အတိုင်းပဲ လုံခြုံရေးကတော့ ကြပ်မတ်သွားမယ်ပေါ့၊ လက်ရှိကတော့
ငြိမ်းချမ်းတယ်ပေါ့ဗျာ၊ လူသတ် မှုနှစ်မှုလုံးအတွက်ကတော့ ကျနော်တို့ ၈
ယောက်ကတော့ စစ်ဆေးနေတာတွေရှိပါတယ်၊ လူသိပြီးတော့
မမိသေးတဲ့ဟာတွေရှိတယ်ခင်ဗျ၊ မမိသေးတဲ့လူတွေကတော့ မိအောင် ကျနော်တို့
ကြိုးစားနေတယ်၊ မိပြီးသားလူတွေကိုလည်း ကျနော်တို့က မသင်္ကာတရားခံတွေဖြစ်
တဲ့အတွက် တရားစွဲတင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်"
ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ အောင်မြေသာစည်၊ မဟာအောင်မြေ စတဲ့မြို့နယ် ၇
မြို့နယ်မှာ အရင်က ည ၉ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့်
ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပေမဲ့
ညမထွက်ရ အမိန့်ကို ရုတ်သိမ်းဖို့ဆိုတာ တိုင်းဒေသကြီးအစိုးရက
လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒုတိယရဲမှူး ဦးဇော်မင်းဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ပဋိပက္ခကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ကားတွေ၊ ဆိုင်ခန်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
မန္တလေးမြို့ပဋိပက္ခမှာ ပါဝင်သူ ၄၉ ဦးကို ဖမ်းဆီးထားပြီး ၈ ဦးက ထွက်ပြေးတိမ်းရှောင်နေ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago