Headlines News :
Home » , » ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား

ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား

Written By လွင့်မောင်မောင် on Wednesday, July 30, 2014 | 9:40 PM

 
ရန်ကုန် ဇူလိုင် ၂၉

 ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ယခင်က မိုးတွင်းကာလတွင် တောင်တော်ပိတ်ကာ ဖူးမြော်ခွင့်ပြုခြင်း မရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင် မိုးတွင်းကာလများတွင်ပါ ဖူးမြော်ခွင့်ပေး၍ တစ်နှစ်ပတ်လုံး ဖူးမြော်နိုင်ကြောင်းသိရသည်။

''တစ်နှစ်ပတ်လုံးဖွင့်ထားပါတယ်။ မိုးတွင်းလည်းဖူးမြော်နိုင်ပါတယ်''ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ကျသူတစ်ဦးက ရှင်းပြသည်။

ထိုသို့တောင်ပေါ်တက်ရောက်ခွင့်ပြုထားသလို တောင်တက်ကားများလည်း ပြေးဆွဲပေးနေပြီး ခရီးသည်ပေါ်မူတည်၍ နေ့စဉ်ပြေးဆွဲနေလျက်ရှိသည်။ တောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ''မိုးရာသီလည်း တောင်တက်ကားကို လုံခြုံစိတ်ချစွာ စီးနင်းနိုင်ပါတယ်။ ဘာအန္တရာယ်မှမရှိပါဘူး။ ယာဉ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ရယ်၊ ကျွမ်းကျင်ပြီး စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ကြပ်မတ်ကိုင်တွယ်နေတာကြောင့် ဘာမှစိုးရိမ်စရာမလိုဘူး''ဟု ဆိုသည်။

ယခုလိုမိုးရာသီတွင် ပြည်တွင်းမှဘုရားဖူးဧည့်သည်များလည်းလာရောက်ဖူးမြော်ကြသလို ကမ္ဘာလှည့်ဧည့်သည်များလည်း လာရောက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းဘုရာဖူးတစ်ဦးက ''မိုးရေတွေထဲမှာ ဖူးမြော်ရတယ်ဆိုပေမယ့် ပိုပြီးတော့ပျော်ရွှင်ကြည်နူးရပါတယ်။ ပွဲတော်ရက်မှာကျတော့ လူကအရမ်းများတဲ့အခါ နေရာထိုင်ခင်းအခက်အခဲဖြစ်ရတယ်။ ဒါကြောင့်လည်း ဒီလိုကာလကို ရွေးပြီးတော့ လာရောက်ဖူးမြော်ဖြစ်တာဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။

ထက်ခိုင်(စမ်းချောင်း)
The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template