Headlines News :
Home » » လေယာဉ်ပျက်က အလောင်းတွေ ပြင်သစ်ကို သယ်မယ်

လေယာဉ်ပျက်က အလောင်းတွေ ပြင်သစ်ကို သယ်မယ်

Written By လွင့်မောင်မောင် on Sunday, July 27, 2014 | 7:26 PM

 
အာဖရိက အနောက်ဘက်ခြမ်း မှာ ပျက်ကျခဲ့တဲ့၊ အယ်လ်ဂျီးရီးယားပိုင် လေကြောင်းလိုင်း က လေယာဉ်ပေါ် လိုက်ပါသွားခဲ့ကြတဲ့၊ ခရီးသည်နဲ့ ဝန်ထမ်း ၁၁၈ ဦး ရဲ့ ရုပ်အလောင်းတွေ ကို၊ ပြင်သစ်နိုင်ငံဆီ တတ်နိုင်သမျှ အမြန်ဆုံး သယ်ဆောင် ပေးပါမယ် ဆိုပြီး၊ ပြင်သစ် သမ္မတ ဖရောင်ဆွာ အိုလော်န့် က၊ ဂတိပြု လိုက်ပါ တယ်။

သေဆုံး ခဲ့ကြသူတွေထဲ က တစ်ဝက်လောက် ဟာ၊ ပြင်သစ် နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီ အဖြစ်ဆိုးကြောင့်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့၊ ပြင်သစ်နိုင်ငံ တဝှမ်းက၊ အစိုးရ ရုံး အဆောက်အဦတွေမှာ၊ တနင်္လာနေ့က စပြီး ၃ ရက်တိုင်တိုင် အလံကို တဝက်ချ လွှင့်ထူမယ် ဆိုပြီးတော့ လည်း၊ ကျန်ရစ်သူ မိသားစုဝင်တွေ နဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ အိုလော်န့် က ပြောပါတယ်။

လေယာဉ်ဟာ မာလီ နိုင်ငံ အတွင်းမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး၊ ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ်ဖို့ ပြင်သစ် အစိုးရ အနေနဲ့ ဆုံးဖြတ်ထားတဲ့ အကြောင်းကိုလည်း မစ္စတာ အိုလော်န့် က အလေးထား ပြောခဲ့ပါ တယ်။

လေယာဉ်ပေါ် က ပျံသန်းရေး ခရီးစဉ် အချက်အလက် မှတ်တမ်းတင် ဒုတိယ မြောက် black box ကို၊ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက၊ ထပ်မံ တွေ့ရှိထားပါ တယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template