Headlines News :
Home » » ကွန်ကရစ်လမ်းမြင့်လာမှုကြောင့် ကွန်တိန်နာကားနှင့် လျှပ်စစ်ဓာတ်ကြိုး တိုက်မိမှု ဖြစ်ပေါ်

ကွန်ကရစ်လမ်းမြင့်လာမှုကြောင့် ကွန်တိန်နာကားနှင့် လျှပ်စစ်ဓာတ်ကြိုး တိုက်မိမှု ဖြစ်ပေါ်

Written By လွင့်မောင်မောင် on Sunday, July 27, 2014 | 7:23 PM

 
ရန်ကုန် ဇူလိုင် ၂၆

 အင်းစိန်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်တွင် ကတ္တရာလမ်းမ အား ကွန်ကရစ်လမ်းသို့ ပြင်ဆင်လိုက် ရာမှ လမ်းများမြင့်လာသည့်အတွက် ကွန်တိန်နာကားများနှင့် မလွတ်ဘဲ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများ မကြာခဏဖြစ်ပေါ်နေသည့် အတွက် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများ တစ်ချိန်ချိန်တွင် အန္တရာယ်ရှိလာနိုင်ကြောင်း အင်းစိန် မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

''ကွန်တိန်နာကားတွေ ဖြတ်သွားတဲ့အခါ လမ်းကမြင့်နေတဲ့အတွက် လျှပ်စစ်ဓာတ်ကြိုးက ကွန်တိန်နာ ကားနဲ့မလွတ်ဘဲ ငြိပြီး ပြတ်ကျတာတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် လမ်းသွားလမ်းလာတွေ တစ်ချိန်ချိန်မှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ ကံကောင်းနေတာက လမ်းသွား လမ်းလာပြည်သူတွေအပေါ် ပြတ်မကျ သေးတဲ့အတွက် ဘာမှမဖြစ်သေးဘူး။ တကယ်လို့ကျခဲ့ရင် ထိခိုက်မှုက သေချာပေါက်ရှိမှာပဲ။ ဒီလိုကိစ္စရပ် တွေကို တာဝန်ရှိတဲ့ လျှပ်စစ်ဌာန အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာ စီစဉ်ပေး စေချင်ပါတယ်''ဟု ၎င်းက ပြောကြား ခဲ့သည်။

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုဖြစ်စဉ် နှင့်ပတ်သက်၍ ဇွန်လနှင့် ဇူလိုင်လအတွင်း ကမာရွတ်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ထိခိုက်မှုများရှိကြောင်း သိရသည်။

(ကေသိန်းဆွေ)

The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template