မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။
ဒီကနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီရှား သမ္မတ၊ ဂျပန် ဝန်ကြီးချုပ် တို့နဲ့ သီခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အင်ဒိုနီရှားနဲ့ ၂၀၁၆မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို အမေရိကန် ဒေါ်လာ တစ်ဘီလျံ အထိ တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ဂျပန် နိုင်ငံနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ရန်ကုန်မြို့တွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား စီမံကိန်း၊ သီလဝါနဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း တွေမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အကူအညီ ပေးဖို့ ဂျပန်က သဘောတူခဲ့ပါတယ်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ၊ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် သမ္မတ အိုဘာမား အပါအဝင် နိုင်ငံခေါင်းဆောင် အတော်များများ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးတွေမှာ မြန်မာနိုင်ငံက ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍဍ ကနေ ပါဝင် လာနေတာကို ကြိုဆိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ရည်ရွယ် လုပ်ဆောင်နေတာ အပါအဝင် လူထုဘဝ တိုးတက်ရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်မှုတွေ ရှိနေတာကို ဂုဏ်ယူပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးပါတယ်လို့ ပြောခဲ့ပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ဟာ မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်း စုကြည်ကို နေပြည်တော် ပြည်သူ့ လွှတ်တော် ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြမ်အေးချမ်းရေး ကော်မတီ ဆောင်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)