ထိုစကားလုံးကို အသုံးပြုခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများ အကြား ကွဲပြားမှုများကိုပိုမို ကျယ်ပြန့်စေ သည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်း ကြားတွင်လည်း နားလည်မှု လွဲမှားစေနိုင်ကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ် ကြိုးစားခြင်းသည် ရခိုင်ပြည်နယ် အတွက် လိုအပ်သော အကူအညီများကို ပေးအပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမို ကြီးမားစေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အသိုက်အဝန်းနှစ်ခုလုံး၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပြီး နှစ်ဖက်အကြား ခွဲခြား ခြားနားမှုကို တိုးပွားစေမည့် လုပ်ရပ်များအား ရှောင်ရှားသင့်ကြောင်း။
မိမိရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်ချိန်မှစ၍ အသိုက်အဝန်း နှစ်ခုအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယုံကြည်မှု ရှိလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း။
ထိုအခြေအနေတွင် အတွင်းရေးမှူးချုပ်၏ ပြောကြားချက်သည် မိမိတို့ ရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များ အပေါ်လည်း အကျိုး သက်ရောက်သွားမည်ကို စိုးရိမ်မိကြောင်း' ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ လူနည်းစု အခွင့်အရေးအရ အပြင် နိုင်ငံတကာက ရိုဟင်ဂျာလို့ လက်ခံနေလို့ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးစုတွေကို ရိုဟင်ဂျာလို့သာ ဆက်ခေါ်သွားမယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်နေ့မှာ The Voice ကို ပြောကြားခဲ့ပါတယ်။
The Voice