Headlines News :
Home » » ရန်ကုန်မြို့လယ်က ဟိုတယ်တစ်လုံးကို ရဲဝင်စီး

ရန်ကုန်မြို့လယ်က ဟိုတယ်တစ်လုံးကို ရဲဝင်စီး

Written By လွင့်မောင်မောင် on Monday, November 10, 2014 | 11:35 PM


    Monday, 10 November 2014 12:32
   
အကြမ်းဖက်သမားတွေ မြန်မာနိုင်ငံသို့ ရောက်နေပြီလို့ သတိပေးပြီး ရက်ပိုင်းအကြာမှာ ရန်ကုန် မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ ပူပေါင်းပြီး ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက် စီးနှင်းခဲ့ပါတယ်။

အဲဒီဟိုတယ်မှာ ဘယ်သူတွေ ရောက်နေလို့လဲ။ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၇ လမ်းထိပ်အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟိုတယ်တစ်ခုမှာ အကြမ်းဖက်သမားတွေနဲ့ ရုပ်ချင်းဆင်သူတွေ လာရောက် တည်းခိုနေတယ်ဆိုတဲ့ သတင်းရရှိမှုကြောင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အဲဒီဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံသို့ ဝင်ရောက်နေတယ်ဆိုတဲ့ RSO အမည်ရ ဘင်္ဂါလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်လေးဦးရဲ့ ဓါတ်ပုံတွေပါတဲ့ လုံခြုံရေး သတိပေးစာကို ရဲတပ်ဖွဲ့က ဟိုတယ်တွေကို ဖြန့်ဝေထားပါတယ်။ “ဓာတ်ပုံထဲက ပုံနဲ့တူတဲ့သူ နှစ်ယောက် ဟိုတယ်မှာ ဒီနေ့မနက်က လာတည်းနေတယ်လို့ ဟိုတယ်က တာဝန်ရှိသူက ဖုန်းဆက်ပြောလို့ မိနစ်ပိုင်းအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တာပါ ” လို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်က ပြောပါတယ်။

ရုပ်ချင်းဆင်တူတဲ့ အမျိုးသား နှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့နဲ့ အတူပါလာသူ နှစ်ဦးကတော့ တရုတ်ဗမာစပ် ကပြားတစ်ဦးနဲ့ သက်သေခံ အစိမ်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်တယ်လို့ ပုဇွန်တောင်မြို့မ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။

အကြမ်းဖက် သမားတွေနဲ့ ရုပ်ချင်းဆင်တူသူတွေဟာ ကားအရောင်းအဝယ်ကိစ္စနဲ့ ရန်ကုန်သို့ ရောက်ရှိလာတာလို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆီကို မေးမြန်းတဲ့အခါမှာ သူတို့ဟာ ရိုးသားစွာ နေထိုင်သူတွေ ဖြစ်တယ်ဆိုပြီး အထောက်အထားတွေ ရတယ်။ သူတို့ အဖွဲ့ထဲက ဆွေးမျိုးတော်စပ်သူ တာမွေမြို့နယ်က အမျိုးသားတစ်ဦးက အာမခံပေးလို့ ဟိုတယ်မှာ ဆက်လက် တည်းခိုခွင့်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့က အဖွဲ့ခေါင်းဆောင်နဲ့ နောက်လိုက် အကြမ်းဖက်သမားသုံးဦး ဝင်ရောက်နေတယ်လို့ သတင်းရရှိမှုကြောင့် ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အပါအဝင် လေဆိပ်၊ သင်္ဘောဆိပ်တွေနဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေကို လွန်ခဲ့တဲ့ တစ်ပတ်ခန့်က စတင်အသိပေး ကြေညာခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ဆီကနေ သိရှိရပါတယ်။

ကြမ်းဖက်သမားတွေအဖြစ် အသိပေး ကြေညာထားသူတွေမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ (ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ) ဦးသန်းဝင်း၊ အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအဖြစ် အိုစမာ (ခ) ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေးသင်တန်းဆင်း အာဖက် (ခ) အမင်းနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကူဖောက်ခွဲရေးသမား အီစမိုင် (ခ) ဇော်ဝင်းတို့ ဖြစ်ကြပါတယ်။

သူတို့ လေးဦးရဲ့ ဓာတ်ပုံတွေနဲ့တကွ သတင်း အချက်အလက်တွေကို လုံခြုံရေးအတွက် တွေ့ရှိသူတွေ အချိန်မီ သတင်းပို့နိုင်ဖို့ ဖြန့်ဝေခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ပြည်ပအခြေစိုက် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း နေပြည်တော်ကို အနီရောင်အဆင့် လုံခြုံရေးကို တိုးမြှင့်ချထားမှာဖြစ်ပြီး အခြားမြို့ကြီးတွေကို အမြင့်ဆုံး လုံခြုံရေးအဆင့် သတ်မှတ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆီကနေ သိရပါတယ်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template