Headlines News :
Home » » နိုင်ငံတော်သမ္မတ ဦးသိန်းစိန် G 20 အစည်းအဝေးတက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် G 20 အစည်းအဝေးတက်မည်

Written By လွင့်မောင်မောင် on Thursday, November 13, 2014 | 1:43 PM


    ရန်ကုန်၊ နိုဝင်ဘာ ၁၂

အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ၏ G-20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် ဘရစ္စဘိန်းမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ယင်းအစည်းအဝေး တက်ရောက်ရန်အတွက် သြစတြေးလျ ဝန်ကြီးချုပ် မစ္စတာ တိုနီအက်ဘတ်က ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ G-20 ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သြစတြေးလျအခြေစိုက် သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

အဆိုပါ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူများနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

ယင်းအစည်းအဝေးတွင် ဆင်းရဲသော နိုင်ငံများအရေး ဂရုတစိုက် ဆွေးနွေးပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တိုက်တွန်းထားကြောင်း သြစတြေးလျ အခြေစိုက် နေ့စဉ်သတင်းစာ တစ်စောင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားသည်လည်း အာဆီယံ အစည်းအဝေးများ ပြီးဆုံးပါက ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ၏ G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template