
ရန်ကုန် နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာလေးဘီ လီယံကျော်ခန့် အထိ ရရှိထားပြီး ဖြစ်ရာ အာရှနိုင်ငံ အများစုမှာ ရင်း နှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများ အဖြစ် ရပ်တည် နေကြောင်း ရင်းနှီး မြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ဆိုင်ရာ ညွှန်ကြား မှုဦးစီးဌာန (DICA) မှသိရသည်။
''ထိပ်သီးရင်းနှီးမြှုပ်နှံမှု ပြု လုပ်တဲ့နိုင်ငံ ၂၈ နိုင်ငံမှာ အာရှ နိုင်ငံတွေက ဦးဆောင်နေပါတယ်။ တရုတ်နိုင်ငံက တစ်နိုင်ငံလုံး နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၃၆ ရာခိုင် နှုန်းနဲ့ ဦးဆောင်နေပါတယ်'' ဟု DICA ၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကဏ္ဍတွင် အာရှစီးပွား ရေးလုပ်ငန်းများက ဥရောပနှင့် မြောက်အမေရိကလုပ်ငန်းများထက် အသာစီးရနေပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် စင်ကာပူလုပ် ငန်းများမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများ၏ ထက် ဝက်နီးပါးခန့် ရပ်တည်နေသည်။
စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရန် စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီများမှာ စင်ကာပူနိုင်ငံမှ ၁၃၄ ခု၊ ထိုင်းမှ ၈ဝ၊ တရုတ်မှ ၇၃ ခုနှင့် ဟောင်ကောင်မှ ၈၅ ခုရှိပြီး အနောက်နိုင်ငံများမှ ကနေ ဒါက ၁၈ ခု၊ အမေရိကန်မှ ၁၅ ခု၊ သြစတြေးလျမှ ၁၅ ခု၊ နယ် သာလန် ၁ဝ ခု၊ ပြင်သစ်မှသုံးခု နှင့်ဂျာမနီမှနှစ်ခုသာရှိကြောင်း DICA မှသိရသည်။
ဥရောပကုမ္ပဏီများအနက် ဗြိ တိသျှကုမ္ပဏီများမှာ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုအရှိဆုံးဖြစ်ပြီး လုပ်ငန်းပေါင်း ၇၅ ခုကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ် ဗြိတိ သျှကုမ္ပဏီများက ဒေါ်လာသန်း ပေါင်း ၂၈ဝဝ ကျော် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာဆက်လက် တိုးတက်နေမည်ဟု DICA မှ ခန့် မှန်းထားပြီး ၂ဝ၁၅ ခုနှစ်နှောင်း ပိုင်းတွင် ပိုမိုဝင်ရောက်လာနိုင် ကြောင်း သိရသည်။''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဓိက ဝင်ရောက်မယ့်နေရာက အထူးစီးပွားရေးဇုန်တွေဖြစ်ပါတယ်။
အထူးစီးပွားရေးဇုန်တွေက ၂ဝ၁၅ ခုနှစ်မှာ စတင်လည်ပတ်နိုင်မှာ ဖြစ်လို့ပါ'' ဟုဦးအောင်နိုင်ဦးက ပြောသည်။ အထူးစီးပွားရေးဇုန် တည်ထောင်မှုအဖြစ်သီလဝါအထူး စီးပွားရေးဇုန်ကို ရန်ကုန်မြို့၌ ယခုလ ၁ဝ ရက်တွင် တည် ဆောက်မှု စတင်မည်ဖြစ်ပြီး နိုင်ငံ တကာမှ ဝင်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများ၏ စက်ရုံအလုပ်ရုံများ ၏ လုပ်ငန်းလည်ပတ်မှုများ စတင် နိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံမှ CP,PTTPcl ၊ စင်ကာပူမှ Yoma၊ ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ မာရူဘီနီအစရှိသည့် အာရှလုပ်ငန်းကြီးများမှာ မြန်မာ နိုင်ငံသို့ ပထမဆုံးလာရောက် ရင်း နှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် ပါဝင်သောကုမ္ပဏီများဖြစ်သည်။
ဂျပန်နိုင်ငံမှ မှတ်ပုံတင်ထား သော ကုမ္ပဏီ ၅၁ ခု၊ တောင်ကို ရီးယားမှ ၁ဝဝ၊ မလေးရှားမှ ၅ဝ ရှိပြီးလက်ရှိတွင် နိုင်ငံခြားလုပ်ငန်း ပေါင်း ၇၈၃ ခုအထိရောက်ရှိနေပြီ ဟုDICA ကထုတ်ပြန်ထားသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာဒေါ်လာ ၅ ဘီလီယံခန့်ရှိနိုင် မည်ဟု အစိုးရက စက်တင်ဘာလ တွင် ပြင်ဆင်ခန့်မှန်းထားခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု များ ဆိုင်းငံ့ထားသော်လည်း ကုမ္ပဏီအများစုမှာ ရင်းနှီးမြှုပ်နှံမှု ကိုသတိကြီးစွာထားရှိလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
The Union Daily