Headlines News :
Home » » အိုဘားမား လုံခြုံရေးအတွက် အမေရိကန် စစ်သင်္ဘော ရခိုင်ကမ်းရိုးတန်းသို့ ဒီနေ့ရောက်မယ်

အိုဘားမား လုံခြုံရေးအတွက် အမေရိကန် စစ်သင်္ဘော ရခိုင်ကမ်းရိုးတန်းသို့ ဒီနေ့ရောက်မယ်

Written By လွင့်မောင်မောင် on Tuesday, November 11, 2014 | 10:26 PM



ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်ရောက်ရှိလာမယ့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားအတွက် လုံခြုံရေး ဆောင်ရွက်ဖို့ အမေရိကန် စစ်သင်္ဘော ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ဒီနေ့ ရောက်ရှိမယ်လို့ မြန်မာ့ တပ်မတော် (ရေ) က ထုတ်ပြန်ထားပါတယ်။

သမ္မတအိုဘားမား လုံခြုံရေးအတွက် အမေရိကန်ရေတပ် Seventh Fleet ရဲ့ Amphibious Forces မှ Tarawa-Class Amphibious Assault Ship ဖြစ်တဲ့ စစ်ရေယာဉ် USS Peleliu (LHA-5) ဟာ နေပြည်တော်နဲ့ အနီးဆုံးနေရာဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်ကို ဒီနေ့ ရောက်ရှိလာမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့တပ်မတော် (ရေ) က Frigate တစ်စီး အပါအဝင် စစ်ရေယာဉ် နှစ်စီးဟာလည်း အဲဒီပင်လယ်ပြင်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ နှစ်ဘက်စစ်ရေယာဉ်တွေ၊ နှစ်ဘက်ရေတပ် တပ်ဖွဲ့ တွေ့ဆုံသွားမယ်လို့ လည်း မြန်မာ့တပ်မတော် (ရေ) ရဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Myanmar NAVY မှာ ဖော်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထပ်သီး အစည်းအဝေးသို့ တက်ရောက်ဖို့ သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိမှာဖြစ်ပါတယ်။

အိုဘားမား ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း သူ့ရဲ့ ခရီးစဉ်လုံခြုံရေး အတွက် မြန်မာ့ပင်လယ်ပြင် မုတ္တမပင်လယ်ကွေ့သို့ အမေရိကန်ရေတပ်က စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck LHD-6) လာရောက်ခဲ့ဖူးတယ်လို့ Myanmar NAVY မှာ ဖော်ပြပါတယ်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template