Headlines News :
Home » » ပါကစ္စတန် စစ်သွေးကြွများ ISIS အဖွဲ့နှင့် ပူးပေါင်း

ပါကစ္စတန် စစ်သွေးကြွများ ISIS အဖွဲ့နှင့် ပူးပေါင်း

Written By လွင့်မောင်မောင် on Wednesday, November 12, 2014 | 10:22 PM


အစ္စလာမ္မာဘတ် ၊ ၁၂-၁၁-၂၀၁၄

ပါကစ္စတန် အနောက် မြောက်ပိုင်းရှိ မြောက်ဝါဇီရစ္စတန် မျိုးနွယ်စု စစ်သွေးကြွ များသည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း ခဲ့ကြောင်း Press TV သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပါကစ္စတန် အစိုးရ တပ်ဖွဲ့ဝင် များသည် မြောက်ဝါဇီရစ္စတန် မျိုးနွယ်စု ဒေသတွင်းရှိ စစ်သွေးကြွ များအား ဖယ်ရှားရန် အတွက် စစ်ဆင်ရေး များကို ဇွန်လ ကတည်းက စတင် လုပ်ဆောင် ခဲ့သော်လည်း Tehrik-i-Taliban Pakistan(TTP) စစ်သွေးကြွ အဖွဲ့မှ ခေါင်းဆောင် အများအပြားသည် ISIS အဖွဲ့နှင့် ပူးပေါင်းခဲ့ကြောင်း အစ္စလာမ်မာဘတ် Quaidi- Azam တက္ကသိုလ်မှ ပါမောက္ခ နာဇီဘာဟူစိန် က Press TV သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ထို့ပြင် ISIS စစ်သွေးကြွ များသည် ပက်ရှ်ဝါမြို့၊ လာဟိုးမြို့ နှင့် ကက်ရှ်မီးယား ဒေသအတွင်း၌ အကြမ်းဖက် လှုံ့ဆော်ရေး လက်ကမ်း စာစောင်များကို ဖြန့်ဝေလျက် ရှိကြောင်း ဟူစိန်က ထပ်လောင်း ပြောကြား ခဲ့သည်။

၎င်းပြင် ISIS စစ်သွေးကြွ အဖွဲ့သည် ပါကစ္စတန်နိုင်ငံ အတွင်းရှိ ရှီယိုက် မျိုးနွယ်စု များကို အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်လျက် ရှိပြီး အင်အား ၁ဝဝဝဝ မှ ၁၂ဝဝဝ အကြားရှိ အကြမ်းဖက် တပ်ဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့် စုဆောင်းလျက် ရှိကြောင်း သိရသည်။

#PyiChitThar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template