Headlines News :
Home » » နှစ် ၆၀ ပြည့် မြန်မာ-ဂျပန် ချစ်ကြေးရေးပွဲ နင်ဂျာမင်းသားကြီး ဆန်နီချီးဘားလာမည်

နှစ် ၆၀ ပြည့် မြန်မာ-ဂျပန် ချစ်ကြေးရေးပွဲ နင်ဂျာမင်းသားကြီး ဆန်နီချီးဘားလာမည်

Written By လွင့်မောင်မောင် on Tuesday, November 11, 2014 | 10:26 PM


Tuesday, November 11, 2014

မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရန်ကုန် မိုင်ဒါကွင်းမှာ ဖျော်ဖြေရေးပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်သွားမှာပါ။

အချိန်ကတော့ မနက် ၁၀ နာရီ ကနေ ည ၁၀ နာရီ အထိပါတဲ့။




ဒီမှာ ဖျော်ဖြေရေးပိုင်းအနေနဲ့ အနော်မာသုခုမ မီဒီယာ Entertainment က မြန်မာ့ယဉ်ကျေးမှု အနုပညာတွေနဲ့ ဖျော်ဖြေတင်ဆက်ဖို့ရှိပါတယ်။နောက် ရော့ခ် အဆိုတော် ဇော်ဝင်းထ္ဂွဋ်ရဲ့ အင်ပါယာတေးဂီတဖျော်ဖြေမှုနဲ့အတူ တခြားအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊ ဂျပန်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ပြီး ပူးပေါင်းတင်ဆက်မယ့် ဖျော်ဖြေမှု တွေ၊ ဟာသ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊ မျက်လှည့်ပြသခြင်း ဆိုတဲ့ ဖျော်ဖြေမှုတွေ ပါဝင်ပါမယ်။

ဒီမှာ ထူးခြားတာက ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ရှိုးဂန်းနင်ဂျာ(Shogun's Ninja)မင်းသားကြီး Sonny Chiba(ဆန်နီချီးဘား) က အထူးဧည့် သည်အဖြစ် ဒီပွဲကို တက်ရောက်ဖို့ရှိပါတယ်တဲ့။

ဒါ့အပြင် ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ ဈေးဆိုင်ခန်းတွေ၊ လူသုံးကုန်ပစ္စည်း၊ ဂျပန်ရိုးရာအစားအစာနဲ့ အ၀တ် အထည်တွေကို ဆိုင်ခန်းဖွင့်ရောင်းချသွားမှာပါ။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ပစ္စည်းတွေလည်း ရောင်းချသွားမှာပါ။

ကလေးငယ်တွေပျော်ရွှင်ဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေနဲ့ ဂိမ်းကစားပွဲတွေလည်း စီစဉ်ထားပါသေးတယ်။

ဆိုတော့ ကွင်းဝင်ကြေးအနေနဲ့ အခမဲ့ လုပ်ထားပြီးတော့ ဇာတ်ရုံဝင်ကြေးအနေနဲ့ ကျပ် ၅၀၀၀(ငါးထောင်) သတ်မှတ်ထားပါတယ်တဲ့။
ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template