Headlines News :
Home » » အမြန်လမ်းမှာ စိန်အိုးစည် ဘုရားဖူးယာဉ် တိမ်းမှောက်

အမြန်လမ်းမှာ စိန်အိုးစည် ဘုရားဖူးယာဉ် တိမ်းမှောက်

Written By လွင့်မောင်မောင် on Monday, November 10, 2014 | 11:33 PM


    Monday, 10 November 2014 09:43
  
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၄ မှာ ဒီနေ့ (နိုဝင်ဘာလ ၁၀ ရက်) မနက် လေးနာရီမိနစ် ၂၀ အချိန်က စိန်အိုးစည် ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့လို့ လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရပါတယ်။

တောင်ကြီးမြို့မှာ ဘုရားလှည့်လည်ဖူးရာကနေ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ကို အမြန်လမ်းမကြီးအတိုင်း ပြန်လာတဲ့ ခရီးသည် ၄၀ ကျော်ပါ စိန်အိုးစည် ဘုရားဖူးယာဉ်ဟာ မိုင်တိုင်အမှတ် ၁၂၄ အရောက် လမ်းလယ်ကျွန်းတုံးကို ဝင်တိုက်ရာကနေ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီး ဆယ်ဦးတို့ ဖြူးမြို့နယ် ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေတယ်လို့ မိုင်တိုင် ၁၁၅ ကြက်ခြေနီ အဖွဲ့ဆီကနေ သိရပါတယ်။

ကြက်ခြေနီအဖွဲ့ တာဝန်ခံ ဦးခင်ဇော်က “ယာဉ်မောင်းက တစ်ချက် အိပ်ငိုက်သလို ဖြစ်သွားရာက လမ်းလယ်တုံးနဲ့ တိုက်မိပြီး ကားမှောက်တာလို့ ပြောတယ်။ ကားမှောက်လို့ ဒဏ်ရာရသူ ၁၂ ယောက် ရဲ့ အခြေအနေက စိုးရိမ်စရာတော့ မရှိပါဘူး” လို့ ဆိုပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးယာဉ်ကို အသက် ၃၅ နှစ်အရွယ် ဦးမြင့်ခိုင်က မောင်းခဲ့ရာကနေ ယာဉ်ပိုင်ရှင်ဖြစ်တဲ့ တောင်ဥက္ကလာမှာနေတဲ့ အသက် ၃၆ နှစ်အရွယ် ဦးရဲလင်းသူက ပြောင်းလဲမောင်းနှင်ရာကနေ ခုလိုမှောက်ခဲ့တာ ဖြစ်တယ်လို့ ဗောဓိကုန်းနယ်မြေ ရဲစခန်းဆီကနေ စုံစမ်းသိရပါတယ်။ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့ အမှုဖွင့် အရေးယူဖို့ အမြန်လမ်း ရဲတပ်ဖွဲ့ကနေ ဆောင်ရွက်နေတယ်လို့လည်း ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။
-http://www.thevoicemyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template