Headlines News :
Home » » ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပထမရက်တွင် ကျောင်းသားများက ကြုံတွေ့နေရသော ပညာရေးအခက်အခဲများနှင့် အမျိုးသားပညာရေးဥပဒေအား ဆွေးနွေး

ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပထမရက်တွင် ကျောင်းသားများက ကြုံတွေ့နေရသော ပညာရေးအခက်အခဲများနှင့် အမျိုးသားပညာရေးဥပဒေအား ဆွေးနွေး

Written By လွင့်မောင်မောင် on Thursday, November 13, 2014 | 9:07 AM

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ


နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပထမရက်ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းတွင် ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးမှ ကျောင်းသား ၅ဝဝ ခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးကို နှစ်ရက်ကျင်းပမည်ဖြစ်ပြီး ပထမရက်တွင် နိုင်ငံတစ်ဝန်း တက်ရောက်လာသော ကျောင်းသားများက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေးအခက်အခဲမျိုးစုံနှင့် အမျိုးသားပညာရေးဥပဒေအား ပုဒ်မတစ်ချက်ချင်းစီအလိုက် အဖွဲ့လိုက်ခွဲ၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာသော ကျောင်းသားများက ၎င်းတို့ဒေသတွင် အခြေခံပညာတန်းမှစ၍ အဆင့်မြင့်တက္ကသိုလ်များအထိ ကြုံ တွေ့နေရသော သင်ရိုးညွှန်းတမ်းအခက်အခဲများ၊ သင်ထောက်ကူပြု အခက်အခဲများ၊ ဆရာ မလုံလောက်မှုပြဿနာများ၊ တက္ကသိုလ်ဘွဲ့ရတစ်ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါမှုပြဿနာများ အပါအဝင် ပညာရေးနှင့်ပတ်သက်သော အခြားအချက်အလက်များစွာကို ဆွေးနွေး ဝေဖန်ခဲ့ကြသည်။ အဖွဲ့ငါးဖွဲ့ ခွဲ၍ ဆွေးနွေးမှုများပြုလုပ်ကြရာတွင် တတ်ရောက်လာသော ကျောင်းသားထုအားလုံးက အမျိုးသားပညာရေးဥပဒေအား လက်မခံနိုင်သဖြင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပေးရန် ဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းသားဒေသများရှိ ကျောင်းသားများကလည်း သင်ရိုးညွှန်းတမ်းနှင့် ဘာသာစကားအခက်အခဲကြောင့် သင်ခန်းစာများကို နားမလည်သည့်အခက်အခဲများရှိသဖြင့် တိုင်းရင်းသားဘာသာစကားဖြင့် သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲ သင်ကြားပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

“အခု အစည်းအဝေးပွဲလုပ်တာ ပထမရက်ပဲ ရှိသေးတယ်။ ဒီနေ့(နိုဝင်ဘာ ၁၂ ရက်) လုပ်တဲ့ပွဲက ဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ဒီနေ့ဆွေးနွေးမှုတွေထဲက တူညီချက်တွေနဲ့ ရှေ့ဆက်ဘာလုပ်ရမယ်ဆိုတာ နိုဝင်ဘာ ၁၃ ရက်မှာ ဆုံးဖြတ်မယ်။
အကောင်အထည်ဖော်မယ်။ ကျောင်းသားတွေရဲ့ ဒီဥပဒေအပေါ် လက်မခံနိုင်မှုဟာ အစိုးရအပေါ် တစ်စုံတစ်ရာ ဖိအားပေးနိုင်မယ်လို့ေ ပြောချင်ပါတယ်”လို့ ဗကသများအဖွဲ့ချုပ်ဥက္ကဠ ကိုကျော်ကိုကိုက ဆိုသည်။

ကျောင်းသားထု အစည်းအဝေးပွဲသို့ NLD ပါတီနာယက ဦးတင်ဦးနှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများလည်း တက်ရောက်ခဲ့ကြပြီး  သဝဏ်လွှာများ ပေးအပ်ခဲ့ကြောင်းလည်း  သိရသည်။     



သက်မင်းEMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template