Headlines News :
Home » » နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်ခွင့်ပြုမည်

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်ခွင့်ပြုမည်

Written By လွင့်မောင်မောင် on Tuesday, November 11, 2014 | 11:15 PM

 နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်ကို လာမည့် ဒီဇင်ဘာ ၅ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါအမြဲတိုင်းနေထိုင်ခွင့် (PR) စနစ်လျှောက်လွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို စတင်ခွင့်ပြုသည့် ဒီဇင်ဘာ ၅ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀က်ဘ်ဆိုက်များနှင့် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ ဒီဇင်ဘာ ၅ ရက်မှာစတင်ခွင့်ပြုမယ်။ လိုအပ်တဲ့အချက်အလက်တွေကိုတော့ အဲဒီနေ့မှာပဲ အသေးစိတ်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။ အဆိုပါစနစ်အရ နေထိုင်ခွင့်ပေးရာတွင် နိုင်ငံခြားသားပညာရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများ၊ မြန်မာနိုင်ငံသားများနှင့်လက်ထပ်ထားသည့် နိုင်ငံခြားသားများ အစရှိသည့်ပုဂ္ဂိုလ်အပါအ၀င် နိုင်ငံသားဟောင်းများကိုပါ ခွင့်ပြုပေးရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသူများအနေဖြင့် နိုင်ငံခြားသားအမြဲတမ်းနေထိုင်ခွင့်စနစ်အရ ငါးနှစ်သက်တမ်း နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး နေထိုင်ခွင့်သက်တမ်းတိုးသူများအနေဖြင့်လည်း ငါးနှစ်ထပ်မံနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယခင် ၁၉၈၂ နိုင်ငံသား ဥပဒေပုဒ်မ ၈ နှင့် ၉ တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အကျိုးငှာ မည်သူမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သလို ထိုသူများအဖြစ်မှလည်း ရုပ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားသလို ပုဒ်မ ၁၃ အရ နှစ်နိုင်ငံသားခံယူခွင့်မရှိခြင်းကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံပြန်လည်ဝင်ရောက်လာပါက ရက်အကန့်အသတ်ဖြင့်သာနေထိုင်ရပြီး အများဆုံးသုံးလခန့်သာ နေထိုင်ခွင့်ရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသားအမြဲတမ်းနေထိုင်ခွင့် (PR) စနစ်ဥပဒေမူကြမ်းကို ၂၀၁၃ စက်တင်ဘာတွင် စတင်အတည်ပြုခဲ့ပြီး လွှတ်တော်တွင်း ဆက်လက်ဆွေးနွေးခဲ့ကာ နည်းဥပဒေ (မူကြမ်း) ကို ယခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပရောက်နိုင်ငံသားများအား နိုင်ငံတော်တည်ဆောက်ရေး အကောင်အထည်ဖော်ရန်အတွက် ပြန်လည်ခေါ်ယူခဲ့မှုများရှိခဲ့သလို ယခုအကောင်အထည်ဖော်မည့် (Permanent Residence System)(PR) စနစ်သည် နိုင်ငံ၏ပြောင်းလဲလာသောအခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားထားသည်။
 ဇာလီမြင့်ဦး EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template