Headlines News :
Home » » နေပြည်တော်နှင့် မန္တလေး ငလျင်ကြီး ကျရောက်နိုင်ဟု မြေငလျင်ကော်မတီ ခန့်မှန်း

နေပြည်တော်နှင့် မန္တလေး ငလျင်ကြီး ကျရောက်နိုင်ဟု မြေငလျင်ကော်မတီ ခန့်မှန်း

Written By လွင့်မောင်မောင် on Thursday, November 13, 2014 | 11:21 AM

 ရန်ကုန်၊ နိုဝင်ဘာ ၁၂
ယခုလပိုင်းအတွင်း အင်အား အသင့်အတင့်ရှိ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေပြီး ငလျင် အကြိမ်အရေအတွက် စိပ်လာခြင်းကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့များဖြစ်သော တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့ တောင်ဘက်ခြမ်း ဒေသများမှာ ငလျင်ကြီး လှုပ်ခတ်နိုင်သည့် အန္တရာယ်ကို သတိပြုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းနှင့် ယခုလဆန်းပိုင်းအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက် လှုပ်ရှားလျက် ရှိခြင်းကြောင့် ကီလိုမီတာ ၁၀၀၀ ကျော် ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပြန်လည်သက်ဝင် လှုပ်ရှားပြီး အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေ ရှိသည့်အတွက် ယင်းပြတ်ရွေ့အပေါ် တည်ရှိနေသည့် မြို့ကြီးများမှာ ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အဓိက ငလျင်ကြောကြီးများ ဖြစ်သော ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်းငလျင်ကြော ဟူ၍ ငလျင်ကြော (၅) ခု ရှိပြီး သဘာဝဘေးအန္တရာယ် အနေနှင့် အပျက်အစီး ဆုံးရှုံးမှု များပြားသည့် နေရာမှာ စစ်ကိုင်းငလျင်ကြောပင် ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောကြားသည်။
ငလျင်ငယ်လေးများ အကြိမ်ရေ ဆက်တိုက်လှုပ်ခတ်မှုသည် နောင်တစ်ချိန် အင်အားကြီး ငလျင်ကြီး ဖြစ်ပေါ်မည့် အခြေအနေကို အင်အားစုစည်းမှု လျော့နည်းသွားစေနိုင်သည့် အချက်လည်း ဖြစ်ကြောင်း၊ သို့သော် သတိပြုရမည့် အချက်မှာ ငလျင်ကြီး မလှုပ်ခတ်မီ အချိန်တွင် ငလျင်ငယ်လေးများလည်း ဆက်တိုက်လှုပ်ခတ်နိုင်ခြေ ရှိသည်ကို သိရှိထားရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့ကလည်း နေပြည်တော် အရှေ့တောင်ဘက် မိုင် ၆၀ ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချတာ စကေး (၄.၀) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ အင်အားအသင့်အတင့်ရှိ မြေငလျင်များ ငါးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template