Headlines News :
Home » » ပြည်ပမြန်မာမီဒီယာများသိစေချင်ပါသည်။(အယ်ဒီတာအာဘော်),

ပြည်ပမြန်မာမီဒီယာများသိစေချင်ပါသည်။(အယ်ဒီတာအာဘော်),

Written By လွင့်မောင်မောင် on Monday, June 11, 2012 | 12:30 AM




   ၁၉၆၂ခု ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့နိုင်ငံတော်အာဏာသိမ်းစဉ်က ငါတို့သိတ်ငယ်သေးလို့ နိုင်ငံရေးခံစား
ချက်ကသိတ်မရှိဘူး။
   ၈-၈-၈၈ အရေးခင်းကာလရောက်တော့ ငါတို့က စာသင်တဲ့ဆရာဖြစ်နေပြီ။ကျောင်းသားကလေးငယ်
တွေနဲ့အတူရဟန်းရှင်လူပြည်သူအပေါင်းရက်ရက်စက်စက်ဖြိုခွဲခံရတာ။ငါတို့ကိုယ်တိုင်ကျည်ဆံအကြားက
ပြေးလွှားရင်းသေကံမရောက်အသက်မပျောက်ဘဲကျန်ခဲ့တယ်။
   ဒီတော့ စစ်အစိုးရကိုမုန်းမိတယ်။မုန်းမိတာမှရင်ထဲနက်နက်ရှိုင်းရှိုင်းပါ။နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်
ဆောက်ရေးအဖွဲ့ ၊နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဆိုပြီး အမည်တွေပြောင်း
လဲဖွဲ့စည်းပြီးတဲ့အထိ  ၊အစိုးရကဘယ်လိုအကောင်းလုပ်လုပ် အကောင်းမမြင်နိုင်ခဲ့ဘူး။အမုန်းတရားကပြင်း
စွာလွှမ်းမိုးထားဆဲ။ အဲ  ၂၀၀၇ခု သံဃာအရေးအခင်းဖြစ်တော့ အမုန်းတရားတွေ ပိုလို့နက်ရှိုင်းသွားပြန်ရော
နောက် နာဂစ်ဒုက္ခသည်များကိစ္စ အဘက်ဘက်က တို့ပြည်သူတွေကိုလစ်လျူပြုထားသလိုဖြစ်လာတဲ့အခါ
နိုင်ငံခြားအစိုးရတွေကိုအားကိုးချင်လာတယ်။နောက်အစိုးရကိုအကြပ်အတည်းဖြစ်စေချင်လာတယ်။
စစ်အစိုးရကိုဘုံရန်သူအဖြစ်သတ်မှတ်ပြီး
အစိုးရကိုဆန့်ကျင်သူမှန်သမျှကိုထောက်ခံအားပေးချင်စိတ်တွေဖြစ်ပေါ်လာတယ်။ဘယ်လောက်မိုက်ရိုင်းတဲ့စိတ်
တွေဖြစ်ပေါ်ခဲ့သလဲဆိုရင် အမေရိကန် လိုနိုင်ငံကဗုံးလာချရင်ကိုဝမ်းသာနေမဲ့အဖြစ်မျိုး။
        ဒီလိုမိုက်မိုက်ရိုင်းရိုင်းစိတ်မျိုးဘယ်အချိန်ထိဖြစ်ခဲ့သလဲဆိုရင် သမ္မတကြီး မြစ်ဆုံစီမံကိန်းအတွက်ဆုံး
ဖြတ်ချက်ချလိုက်တဲ့နေအထိပါဘဲ့။
       အခုငါတို့စိတ်တွေပြောင်းသွားပြီ။နိုင်ငံတော်အတွက်အားကိုးလောက်တဲ့သမ္မတကြီးနဲ့အတူ ပြည်သူ့လွှတ်
တော်။နောက်ငါတို့အမေစု၊ပြီးတော့အမေစုကိုဝန်းရံထားတဲ့ပြည်သူလူထု၊ငါတို့ညီငယ်များဖြစ်တဲ့
မင်းကိုနိုင် ၊ ကိုကိုကြီး ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ စတဲ့ ပြည်တွင်းနိုင်ငံရေးအတွက်လှုပ်ရှားနေသူအားလုံးတက်ညီလက်ညီ နိုင်ငံသစ်ဆီကိုဟန်ချက်ညီညီချီတက်နေကြ
ပါပြီ။ နိုင်ငံတော်မှာ ဒီမိုကရေစီရောင်ခြည်လေးသန်းကာစဘဲ့ရှိသေး။ပြဿနာတွေကအမျိုးစုံ ၊တို့ရဲ့ပြည်
သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ စကားတစ်လုံးမှမပြောရသေးဘူး။
     အခုကိစ္စ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပြသနာ ၇ခိုင်ပြည်သူလူထု ၊အစိုးရ တွေသာမက ငါတို့ပြည်သူတစ်ရပ်လုံးအကြပ်အတည်းကိုဖြစ်စေခဲ့ပြီ။
     ငါတို့ကတော့ပြတ်ပြတ်သားသားပြောလိုက်မယ် ရိုဟင်ဂျာတွေ၊မူဂျာဟစ်တွေဆိုတာ ငါတို့မြန်မာတိုင်းရင်းသားတွေမဟုတ်ဘူးဟေ့ ။ကျူးကျော်ရန်စသူတွေသာဖြစ်တယ်။
အရေးကြီးပြီဖြစ်တာမို့ ငါတို့အားလုံးသွေးနီးကြပါပြီ။မြန်မာ့သွေးနီကြောင်းလည်းပြရဦးမယ်။
စစ်တပ်ကိုအရမ်းမုန်းခဲ့တဲ့ငါတို့ အခု အဲဒီပြည်သူ့တပ်မတော်စစ်တပ်နဲ့ လက်တွဲပြီး ကျူးကျော်သူမှန်သမျှ
ချေမှုန်းပစ်ဖို့အသင့်ရှိတယ်။
      ပြည်ပမြန်မာမီဒီယာများကိုစကားလေးတစ်ခွန်းမေးချင်ပါရဲ့။တို့ပြည်ထောင်စုကြီးအေးချမ်းသာယာသွား
မှာသိတ်စိုးရိမ်နေသလား...လို့။
     တို့ပြည်ထောင်စုကြီးအေးချမ်းသာယာသွားရင် မင်းတို့မှာ ထောက်ပံ့ကြေးတွေမရ၊ငတ်ငတ်ပြတ်ပြတ်
ဖြစ်သွားမှာစိုးလို့လား။ အဲဒီအခါ ကျရင် ကိုယ့်မြေ ပေါ်ပြန်နင်း၊ကိုယ့်ရေကိုပြန်လာသောက်လှည့်ပါ။
ငါတို့အားလုံးနွေးထွးစွာကြိုဆိုမှာပါ။
   အခုတော့ .....စိတ်ဓာတ်တွေပြောင်းပြီးမြန်မာပီသကြစမ်းပါ။
                                                                                      လွင့်မောင်မောင်(ထားဝယ်)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template