Headlines News :
Home » » ရခိုင်လူမျိုးများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအား ဒုတိယမြောက်နေ့အဖြစ် ဆက်လျက်ပြုလုပ်

ရခိုင်လူမျိုးများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအား ဒုတိယမြောက်နေ့အဖြစ် ဆက်လျက်ပြုလုပ်

Written By လွင့်မောင်မောင် on Monday, June 11, 2012 | 12:33 AM

ထွန်းနေအောင်(မြစ်မခ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဇွန်လ(၁၀)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီ ကျော်မှစ၍ ရခိုင်တိုင်းရင်းသားများနှင့်ပြည်သူလူထု၏ ဒုတိယမြောက်နေ့အဖြစ်ငြိမ်းချမ်းစွာ ဆန္ဒပြမှုအားဆက်လက်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ ငြိမ်းချမ်းစွာတောင်းဆိုသူများသည် ရခိုင်လူမျိုးများနှင့် ရဟန်းသံဃာတော်များပူပေါင်း၍ အင်အား ထောင်နှင့်ချီပါရှိကာ ပထမနေ့မှထက်လူအင်အား ပိုမိုများခဲ့ကြောင်း သိရှိရသည်။


၎င်းတို့၏ လက်ထဲတွင် အသတ်ခံရသူ မသက်မာထွေး၏ပုံများ မောင်းတောမှအသတ်ခံရပြီး သေဆုံးခဲ့သည့် ရခိုင်သားများ၏ပုံများ ဖျက်ဆီးခံခဲ့ရသည့် ဘုရားပုံများ စားတမ်းပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လက်အုပ်ချီ၍ စီတန်း လှည့်လည်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ စီတန်းလှည့်လည်သူများသည် ရွှေတိဂုံဘုရားအားလက်ဝဲရစ်(၃)ပတ် ပတ်ခဲ့ပြီး ကြာသာပတေးနံ ထောင့်တွင် ဘုရားခိုးကာ သေဆုံးသူများကို အမျှဝေခဲ့ပြီး သာဓုခေါ်ခဲ့ကြောင်းသိရှိရသည်။

၎င်းကိစ္စရပ်များအပြင် ရခိုင်တိုင်းရင်းသားများသည် ပြည်ပမီဒီယာများ ရုပ်သံမီဒီယာများမှ ရခိုင်နှင့် ဘင်္ဂလီလူမျိုးများ၏ ဖြစ်ရပ်များကို ရခိုင်နှင့်မွတ်စ္စလင် ကဓိကဋ္ဌာန်းများဟု မှားယွင်းစွာဖော်ပြနေခြင်းကို ကျေနပ်မှုမရှိကြောင်း ရခိုင်လူမျိုးတစ်ဦး၏ပြောပြချက်အရ သိရှိရသည်။


“ရခိုင်တွေသတ်လို့ ဘင်္ဂလီတွေထွက်ပြေးနေရတယ် ဆိုပြီးမှားယွင်းတဲ့သတင်းတွေထုတ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကိုနစ်နာပါတယ်။”ဟု စီတန်းလှည့်လည်သူများထဲတွင်ပါဝင်သည့် ရခိုင်လူမျိုး တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။


ထိုသို့ဖော်ပြခဲ့ခြင်းအားကျေနပ်မှုမရှိပဲ အမှန်တိုင်းဖော်ပြပေးရန် သတင်းလာယူသူများကို ပြောပြခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် စီတန်းလှည့်လည်သူများသည် မီဒီယာများ၏မေးမြန်းချက်ကို မှားယွင်းစွာဖြေဆိုမိမည်စိုးသောကြောင့် ဖြေဆိုခြင်းမရှိခဲ့ကြောင်း သိရှိရသည်။


ငြိမ်းချမ်းစွာတောင်းဆိုသူများသည် ကြာသာပတေးနံထောင့်တွင် ၀တ်ပြုဆုတောင်းပြီး နေ့လည် (၁း၄၅) နာရီတွင် လူစုခွဲခဲ့ကြောင်း သိရှိရသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template