Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

Written By လွင့်မောင်မောင် on Sunday, September 16, 2012 | 10:37 PM

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုခရီး ထွက်ခွာရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။

 2012-09-16
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
"မနက်ဖြန် ဝါရှင်တန် ဒီစီရောက်မယ်။ ကွန်ဂရက် လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုယူမယ်။ နောက်တခြားဆုတွေလည်း ယူမယ်။ Yale တက္ကသိုလ်သွားမယ်။ Harvard တက္ကသိုလ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်က Miss Clinton တို့၊ President Obama တို့နဲ့တွေ့မယ်လို့တော့ ကျွန်တော်တို့ ယူဆတယ်"
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းဦးနဲ့ နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။
ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေဟာ သြစတေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို လေ့လာဖို့အတွက် ၉ ရက်ကြာ ခရီးကို စတင်ထွက်ခွာသွားပါတယ်။



 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အဖြစ် ယနေ့(စက်တင်ဘာလ ၁၆ရက်နေ့) ည ၇ နာရီ ၄၅ မိနစ်တွင် ဘန်ကောက်သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာရန် ည ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template