မန္တလေးမြို့ မြနန္ဒာကျူးကျော်ရပ်ကွက်အတွင်းရှိ အဆောက်အဦများအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများက ဖယ်ရှားရှင်းမှုများပြုလုပ်နေစဉ်
|
မန္တလေးမြို့ မြနန္ဒာကျူးကျော်ရပ်ကွက်အတွင်းရှိ အဆောက်အဦများအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများက ဖယ်ရှားရှင်းမှုများပြုလုပ်နေစဉ် |
Photo- Eleven Media Group
သတ်မှတ်ရက်တွင် ဖယ်ရှားခြင်းမရှိသော ကျူးကျော်အိမ်များအား မန်းစည်ပင်မှ ဘူဒိုဇာယာဉ်ကြီးများဖြင့် ဖယ်ရှား
မန္တလေးမြို့ ချမ်းမြသာစည်၊ပြည်ကြီးတံခွန်နှင့်အမရပူရ စသည့် မြို့နယ်များရှိ မန်းစည်ပင်၏ မြို့ကွက်သစ်စီမံကိန်း မြေကွက်များပေါ်တွင် ကျူးကျော်နေထ...
ိုင်ကြသောသူများအားစက်တင်ဘာ16ရက်နေ့ကနောက်ဆုံး
ထား ဖယ်ရှားရန် ညွှန်ကြားထားပြီးဖြစ်သောကြောင့် စက်တင်ဘာ17 ရက်နေ့ တွင်
ဖယ်ရှားခြင်းမရှိသော ကျူးကျော်နေထိုင်ကြသောသူများ၏ အိမ်ယာများကို
မန်းစည်ပင်မှ ဘူဒိုဇာယာဉ်ကြီးများဖြင့် ဖယ်ရှား လျှက် ရှိကြောင်း သိရသည်။
မန်းစည်ပင်မှ တာဝန်ရှိသူတစ်ဦးက “ မန်းစည်ပင်ရဲ့ စည်ပင်သာယာ လုပ် ထုံးနဲ့အညီ ဥပဒေအတိုင်းဆောင်ရွက်တာပါ။ဒီနေရာတွေက မြို့ပြဖွံ့ဖြိုးတိုး တက်ရေးအတွက် မြို့ကွက်သစ်စီမံကိန်းနေရာတွေပါ။”ဟု ပြောကြားခဲ့သည်။
“ငွေကြေးမရှိတဲ့သူတွေကတော့ ကိုယ့်အိမ်ကို ဖျက်ယူနေကြတာပါ။ ရှိတဲ့သူ တွေကတော့ ဒီအတိုင်းပဲထားခဲ့တာပါ။သူတို့မယူပဲပြစ်ထားတဲ့ အိမ်တွေကို ဖျက်ယူနေကြတာပါ။”ဟု အိမ်ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသူ တစ်ဦးမှပြောသည်။
စက်တင်ဘာ17 ရက်နေ့ တွင် မန်းစည်ပင်မှ ဖယ်ရှားမည့် အိမ်ယာ အရေအတွက်မှာ 1000ခန့်ရှိကြောင်းသိရသည်။
သော်တာ