Headlines News :
Home » » ဒုသမ္မတဦးဥာဏ်ထွန်း၏ လမ်းညွှန်မှုကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိသဖြင့် ထားဝယ်လယ်သမားများဆန္ဒထုတ်ဖော်ကြပြီ။

ဒုသမ္မတဦးဥာဏ်ထွန်း၏ လမ်းညွှန်မှုကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိသဖြင့် ထားဝယ်လယ်သမားများဆန္ဒထုတ်ဖော်ကြပြီ။

Written By လွင့်မောင်မောင် on Monday, November 11, 2013 | 12:41 PM


 
 ထားဝယ် (၁၁-၁၁-၂၀၁၃)
၂၀၁၃ ခုနှစ်စက်တင်ဘာ၁၈ရက်နေ့က နေပြည်တော်ရှိနိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ပြု
လုပ်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၁၃)မှ ဒုသမ္မတ
ဦးဥာဏ်ထွန်းမှ ဤသို့ မိန့်မှာခဲ့သည်။
“ကော်မတီ၏ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွင်းလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ မျှမျှတတ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေး
နိုင်ရန်ဖြစ်ကြောင်း”
“ပြည်ထဲရေးဝန်ကြီးဝန်ကြီးဌာန၏မြေသိမ်းအမိန့်ထုတ်ပြန်ခြင်းမရှိဘဲသိမ်းယူခဲ့သည့်လယ်မြေများအတွက်
ဥပဒေနှင့်အညီ စွန့်လွှတ်အပ်နှံစေလိုကြောင်း”(၂၀၁၃ စက်တင်ဘာ၁၉ရက်ထုတ် မြန်မာ့အလင်း မှ).. စ သည်ဖြင့် လမ်းညွှန်မိန့်ကြားခဲ့သော်လည်း
သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ယူမဖြေရှင်းသည့်အပြင် လယ်သမားများအားခြိမ်းခြောက် အနိုင်ကျင့်
မှုများပြုလုပ်လာခြင်းကြောင့် လယ်သိမ်းခံရသော လယ်သမားများမှလယ် မြေသိမ်းမှုများကို ဆန့်ကျင်ကန့်ကွက်၊ ဆန္ဒထုတ်ဖော်ကြကြောင်းLwintmgmg Daily News မှသတင်းရရှိသည်။

 ဒီနေ့မနက်၉နာရီမှ၁၁နာရီအထိမြို့တွင်းသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ကြပါတယ်။
ဆန္ဒပြရာလမ်းတစ်လျှောက် မြို့ခံလူထုမှ သောက်ရေ မုန့်များ ပေးခြင်းဖြင့် တစ်ခဲနက်အားပေးထောက်
ခံခဲ့သည်။
 အထူးသဖြင့် ထားဝယ်တိုင်းရင်းသားများပါတီ မှဦးမောင်မောင်အေးနှင့် အဖွဲ့ဝင်များက ဤဆန္ဒထုတ်ဖော်ပွဲကိုအစမှအဆုံးထိအားတက်သရောကူညီလုပ်ကိုင်ပေးခဲ့ကြောင်းသတင်းရရှိသည်။



(ဓာတ်ပုံများ - Egg Sue Facebook)

 
















Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template