Headlines News :
Home » , » ကျောင်းမုန့်ဈေးတန်း အစားအသောက်များ FDA စစ်ဆေးမည်

ကျောင်းမုန့်ဈေးတန်း အစားအသောက်များ FDA စစ်ဆေးမည်

Written By လွင့်မောင်မောင် on Tuesday, November 12, 2013 | 7:39 PM

 
ရန်ကုန်၊ နိုဝင်ဘာ ၁၁

အခြေခံပညာ စာသင်ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ၌ လာမည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဈေးကွက်စစ်တမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယင်းအစီအစဉ်ကို ကျောင်း ကျန်းမာရေးရှိသော မြို့နယ်တိုင်းတွင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော ပြည်တွင်း၊ ပြည်ပ အသင့်စားမုန့်များကို စစ်ဆေးမည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ စားသုံးရန် မသင့်သော အစားအစာဟု ဆိုရာတွင် Safety (ဘေးအန္တရာယ် ကင်းရှင်းရေး) ကို အဓိက ဆိုလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရောင်းချနေသော အစားအသောက်များတွင် ကျန်းမာရေး ဘေးအန္တရာယ် တွေ့ရှိပါက ပစ္စည်းများ ဖျက်သိမ်းခြင်း၊ အများပြည်သူ သိအောင် စားသုံးရန် မသင့်ကြောင်း ကြေညာခြင်း တို့ ပြုလုပ်သွားမည့် အပြင် ရရှိသော ဓာတ်ခွဲ စစ်ဆေးချက်ပေါ် မူတည်ကာ တရားစွဲဆိုမှုများအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က The Voice သို့ ပြောဆိုသည်။

သို့သော် ကျောင်းကျန်းမာရေး အဖွဲ့ဝင်များသည် စိတ်ပါဝင်စားမှု နည်းပါးပြီး တွဲဖက် တာဝန်များ ပိုများလာသောကြောင့် လက်တွေ့ စစ်ဆေးမှုပိုင်းတွင် ထိရောက်မှု အားနည်းကာ ရောင်းချသော ဈေးသည်များကလည်း လိုက်နာမှု လျော့ရဲလာကြောင်း တောင်တွင်းကြီးမြို့နယ် ကျောင်း ကျန်းမာရေး အဖွဲ့ဝင် ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
“လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဒီနည်းတွေ သုံးပြီးပြီ။ ကျောင်းတွေ ဝင်စစ်တာက စစ်တာပဲ။ အောင်မြင်နိုင်မယ်လို့ မယုံကြည်တော့ဘူး” ဟု ၎င်းက ဆက်လက်ဆိုသည်။

လက်ရှိ အခြေခံပညာ စာသင်ကျောင်းများကို လိုက်လံ စစ်ဆေးမည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနတွင် ဝန်ထမ်းဦးရေ စုစုပေါင်း ၁၀၀ ခန့်သာ ရှိပြီး ယင်း လူ့စွမ်းအားအရင်း အမြစ်ပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းဦးရေ တိုးမြှင့်ခွင့် ပြုထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template