Headlines News :
Home » » မွေးနေ့မှာ တကိုယ်တော် ဖျော်ဖြေမယ့် တူးတူး

မွေးနေ့မှာ တကိုယ်တော် ဖျော်ဖြေမယ့် တူးတူး

Written By လွင့်မောင်မောင် on Sunday, November 10, 2013 | 4:37 PM

ပရိသတ်အကြိုက် သီချင်း ချိုချိုလေးတွေ သီဆိုလေ့ ရှိတဲ့ အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ၃၀ ရက်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ ပြင်ဆင် နေပါတယ်။

တကိုယ်တော် တေးစီးရီး ၁၀ ခွေကျော် ပရိသတ်ဆီ ပို့ပေးခဲ့ပြီး ဖြစ်သလို အတွဲ စီးရီးပေါင်း များစွာမှာလည်း ပါဝင် သီဆိုခဲ့ဖူးတဲ့ အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး

“ကျနော့် ဂီတသက်တမ်း ၃၀ ပြည့် ဖြစ်သလို မွေးလ ၊ မွေးရက် မွေးနေ့ တိုက်ဆိုင်တဲ့ နေ့လည်းဖြစ်လို့ အမှတ်တရ ပွဲလေး လုပ်ချင်စိတ် ဖြစ်လာတာပါ။ အဲဒီ ပွဲအတွက် အခုကတည်းက ရင်ခုန် စိတ်လှုပ်ရှား နေမိပါတယ်”
လို့ ပြောပါတယ်။

အဆိုတော် တူးတူးက မွေးနေ့ ရက်မြတ်မှာ ကျင်းပမယ့် တကိုယ်တော် ဖျော်ဖြေပွဲမှာ သီချင်းအပုဒ် ၃၀ ကျော် သီဆိုမှာ ဖြစ်ပြီး ဂီတမောင်နှမ တချို့ကလည်း အားဖြည့်ပေး ကြမယ်လို့ သိရပါတယ်။ ပရိသတ်တွေ သက်သောင့် သက်သာ ကြည့်ရှု ခံစား နိုင်ဖို့အတွက် indoor ဖျော်ဖြေပွဲ အနေနဲ့ တင်ဆက် ပေးနိုင်ဖို့လည်း အဆိုတော် တူးတူးက ရည်ရွယ် ထားပါတယ်။

သီချင်း ချိုချိုလေး တွေနဲ့ ပရိသတ်ရဲ့ နှလုံးသားကို ညှို့ယူဖမ်းစား နိုင်ခဲ့တဲ့ အဆိုတော် တူးတူးက ဇာတ်ကား တွေမှာလည်း သရုပ်ဆောင်ခဲ့ ဖူးတာမို့ တကိုယ်တော် ဖျော်ဖြေပွဲမှာ သရုပ်ဆောင် မောင်နှမ တွေကရော အားဖြည့်ပေး မှာလားလို့ မေးတော့

“ကျနော် တကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ်ဆိုတာ ဘယ်သူ့မှတောင် သိပ် အသိ မပေးရသေးဘူး။ ဒါပေမဲ့ ကျနော့် မိတ်ဆွေတွေက ကျတော့်ပွဲကို အားပေးကြမှာပါ။ မိတ်ဆွေတွေ တော်တော် များများက တကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဖို့ ကျနော့်ကို တိုက်တွးနေတာ ကြာပါပြီ။ အခုမှသာ တိုက်ဆိုင်မှုတွေ ရှိလာလို့ လုပ်ဖို့ စိတ်ကူးဖြစ် သွားတာပါ” လို့ ပြောပါတယ်။

တကိုယ်တော် ဖျော်ဖြေပွဲမှာ ပရိသတ် နှစ်သက်တဲ့ သီချင်းဟောင်းလေးတွေ ရွေးချယ် သီဆိုသွားမယ့် အဆိုတော် တူးတူးက ထွက်ပြီးခဲ့သမျှ တေးစီးရီး တွေရဲ့ ခေါင်းစီးတေး တွေကိုလည်း သီဆိုပေးသွားမယ်လို့ ပြောပါတယ်။

မွေးနေ့ ရက်မြတ်မှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမယ့် အဆိုတော် တူးတူးက ကိုယ်ပိုင်သံစဉ် တကိုယ်တော် တေးစီးရီး ပရိသတ်ဆီ အမြန်ဆုံး ပို့ပေးနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

နေလွင်
(မှတ်ချက် - နေလွင်  ရေးသားတဲ့ ဒီသတင်းကို နိုဝင်ဘာ ၄  ရက်နေ့ထုတ်  အလင်းတန်းဂျာနယ်မှာ  ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ၁၉၈၈ လူထု အုံကြွမှုအတွင်း တွေ့ရတဲ့ အဆိုတော်တူးတူးရဲ့  လှုပ်ရှားမှုမြင်ကွင်းဖြစ်ပါတယ်)

ဧရာဝတီBlog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template