Headlines News :
Home » » လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း အကောက်ခွန် ကောက်ခံရရှိမှု ကျပ် ၁၄၉ ဘီလျံကျော် ရရှိထားပြီး လျာထားချက်ထက် ကျော်လွန်

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း အကောက်ခွန် ကောက်ခံရရှိမှု ကျပ် ၁၄၉ ဘီလျံကျော် ရရှိထားပြီး လျာထားချက်ထက် ကျော်လွန်

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 11:35 AM

လက်ရှိ ဘဏ္ဍာရေးနှစ် (၂၀၁၃-၂၀၁၄) အတွင်း အကောက်ခွန် ကောက်ခံရရှိမှု ကျပ် ၁၄၉ ဘီလျံကျော် ရရှိခဲ့ပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် အကောက်ခွန် ရရှိရန် လျာထားချက်ထက် ကျော်လွန်ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အကောက်ခွန် ရရှိရန် လျာထားချက်မှာ ကျပ် ၁၃၅ ဘီလျံဖြစ်ပြီး ဘဏ္ဍာရေးနှစ် မကုန်မီ သြဂုတ်လ အတွင်းတွင်ပင် လျာထားချက်ထက် ကျော်လွန်ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း အကောက်ခွန် ကောက်ခံရရှိမှုမှာ ကျပ် ၁၄၉၀၂၅ ဒသမ ၆၆ သန်း ဖြစ်သောကြောင့် လျာထားချက်၏ ၁၁၀ ဒသမ ၃၉ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။

အကောက်ခွန်များ ကောက်ခံရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကောက်ခွန် ကောက်ခံရရှိမှု မြင့်တက်လာရခြင်းသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ကားတင်သွင်းခွင့်များ ပြန်လည်ခွင့်ပြု ခဲ့ခြင်းသည်လည်း အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း သိရသည်။

ယခင် ဘဏ္ဍာရေးနှစ်တွင်မူ အကောက်ခွန် လျာထားချက် ကျပ် ၂၀၀ ဘီလျံဖြစ်ပြီး ဘဏ္ဍာနှစ်ကုန် အကောက်ခွန် ရရှိမှုမှာ ကျပ် ၃၆၇ ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။

၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ၁၂ နှစ်တာ ကာလတွင် ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တည်းသာ အကောက်ခွန် လျာထားချက် ပြည့်မီခဲ့ခြင်း မရှိဘဲ ကျန်နှစ်များတွင်မူ လျာထားချက် ကျော်လွန်ရရှိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမ၀င် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့်ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template